Skip to main content

ဒုတိယဝန်ကြီး ဦးရဲတင့်နှင့်အဖွဲ့ အာဆီယံ-တရုတ် မီဒီယာဖိုရမ် တက်ရောက်

နေပြည်တော် အောက်တိုဘာ ၂၃

၂၀၂၃ အာဆီယံ-တရုတ် မီဒီယာဖိုရမ်ကို ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနန်နင်းမြို့ Guangxi New Media Center ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။

၂၀၂၃ အာဆီယံ-တရုတ်မီဒီယာ ဖိုရမ်ကို “Jointly Improve media for a better future shared by all” “ပိုမိုကောင်းမွန်သော အနာဂတ်အတွက် မီဒီယာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပါ” ဆောင်ပုဒ်ဖြင့်ကျင်းပခြင်းဖြစ်ပြီးရေဒီယို၊ ရုပ်မြင်သံကြား၊ အွန်လိုင်း အသံနှင့် ရုပ်သံဆိုင်ရာ တီထွင် ဆန်းသစ်သော ဆောင်ရွက်မှုများနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စ ရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်သည်။

၂၀၂၃ အာဆီယံ-တရုတ်မီဒီယာ ဖိုရမ်သည်(၅)ကြိမ်မြောက် အာဆီယံ-တရုတ် မီဒီယာရက်သတ္တပတ်အစီအစဉ် ခြောက်ခုတွင် ပါဝင်သည့် အစီအစဉ်တစ်ခုဖြစ်ပြီး အာဆီယံ-တရုတ် မီဒီယာရက်သတ္တပတ်ကို အောက်တိုဘာ ၂၁ ရက်မှ ၂၅ ရက်အထိ သတ်မှတ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

တက်ရောက်

ဦးစွာ ဒုတိယဝန်ကြီးဦးရဲတင့်၊ နန်နင်းမြို့မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်းနှင့်အဖွဲ့သည် အာဆီယံ-တရုတ် မီဒီယာဖိုရမ်တက်ရောက်မည့် အဆင့်မြင့်အရာရှိကြီးများနှင့်အတူ အဆင့် မြင့်အရာရှိကြီးများ တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် တရုတ်နိုင်ငံအမျိုးသားအဆင့် ရေဒီယိုနှင့်ရုပ်မြင်သံကြား စီမံခန့်ခွဲမှုဆိုင်ရာ ဒုတိယဝန်ကြီး H.E. Yang Xiaowei နှင့် မလေးရှားနိုင်ငံဆက်သွယ်ရေးနှင့် ဒစ်ဂျစ်တယ်ဆိုင်ရာဝန်ကြီးဌာနရေဒီယိုနှင့် ရုပ်မြင်သံကြားဌာန ညွှန်ကြားရေးမှူးချုပ် Dato Suhaimi Sulaiman တို့က တရုတ်နိုင်ငံနှင့်အာဆီယံနိုင်ငံများမှ အစည်းအဝေးသို့ တက်ရောက် လာကြသူများနှင့် မိတ်ဆက်ပေးကြသည်။

ထို့နောက် ဒုတိယဝန်ကြီး H.E. Yang Xiaowei ၊ ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဆိုင်ရာကော်မတီနှင့် ပြည်သူ့ရေးရာဌာန တာဝန်ခံအရာရှိ H.E. Chen Yijun၊ ကွမ်ရှီးကျွမ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့အစိုးရအဖွဲ့ဒုတိယဥက္ကဋ္ဌ H.E. Miao Qingwang ၊ ညွှန်ကြားရေးမှူးချုပ် Dato Suhaimi Sulaiman တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

ဒုတိယဝန်ကြီးဦးရဲတင့်က အာပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားမည်ဖြစ်ပါကြောင်း ပြောကြဆီယံ-တရုတ်မီဒီယာဖိုရမ်သို့ တက်ရောက်ရသည့်အတွက်များစွာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ဆက်လက်၍ အာဆီယံနိုင်ငံများ အပါအဝင်တရုတ်နိုင်ငံတို့နှင့် မီဒီယာကဏ္ဍအားသည်။

ထို့နောက်ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၃ အာဆီယံ-တရုတ် မီဒီယာဖိုရမ် တက်ရောက်မည့် အဆင့်မြင့် အရာရှိကြီးများနှင့် အတူ Guangxi New Media Center အတွင်း ခင်းကျင်းပြသထားသည့် ရေဒီယို၊ ရုပ်မြင်သံကြားနှင့် အင်တာနက်ရုပ်သံပိုင်းဆိုင်ရာပြပွဲကို ကြည့်ရှုလေ့လာကြသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးရဲတင့်၊ နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်းနှင့် အဖွဲ့သည် နန်နင်းမြို့ Guangxi New Media Center ၌ ကျင်းပပြုလုပ်သည့် ၂၀၂၃ အာဆီယံ-တရုတ်မီဒီယာဖိုရမ်သို့ တက်ရောက်ကြသည်။

အခမ်းအနားတွင် တရုတ်နိုင်ငံ အမျိုးသားအဆင့် ရေဒီယိုနှင့်ရုပ်မြင်သံကြား စီမံခန့်ခွဲမှုဆိုင်ရာ ဒုတိယဝန်ကြီး H.E. Yang Xiaowei ၊ မလေးရှားနိုင်ငံ ဆက်သွယ်ရေးနှင့် ဒစ်ဂျစ်တယ်ဆိုင်ရာဝန်ကြီးဌာန ရေဒီယိုနှင့်တီဗွီဌာန ညွှန်ကြားရေးမှူးချုပ် Dato Suhaimi Sulaiman၊ ကမ္ဘောဒီးယား ပြန်ကြားရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် H.E. Pang Nath ၊ လာအိုနိုင်ငံ ပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Vansy Khuamuao နှင့် တရုတ်ကွန်မြူနစ်ပါတီ အမြဲတမ်းကော်မတီဝင်၊ ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဆိုင်ရာကော်မတီနှင့် ပြည်သူ့ရေးရာဌာန တာဝန်ခံအရာရှိ H.E. Chen Yijun တို့က အဖွင့်အမှာစကား ပြောကြားကြသည်။

ယင်းဖိုရမ်တွင် ဒုတိယဝန်ကြီး ဦးရဲတင့်က ယခုနှစ်သည် အာဆီယံ- တရုတ်နိုင်ငံတို့၏ Belt and Road Initiatives (၁၀)နှစ်မြောက် နှစ်ဖြစ်သကဲ့သို့ အာဆီယံ-တရုတ် ဆွေးနွေးဖက် ဆက်ဆံထူထောင် ခြင်း (၃၂)နှစ် ပြည့်မြောက်ပြီဖြစ်၍ ထူးခြားလေးနက်သည့် ကာလဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာဆီယံ- တရုတ် သတင်းမီဒီယာ ရက်သတ္တပတ် (ASEAN – China Media Week) ကို ငါးကြိမ်တိုင် တာဝန်ယူကျင်းပပေးခဲ့ပြီးဖြစ်၍ သတင်းမီဒီယာ ကဏ္ဍ၏အရေးပါမှုကို အလေးထား မြှင့်တင်လိုသော တရုတ်နိုင်ငံ၏ စိတ်စေတနာကို သိရှိလေးစားပါ ကြောင်း၊ ယခုနှစ်ဖိုရမ်၏ ဆောင်ပုဒ်ဖြစ်သည့် Jointly Improve Media for a Better Future Shared by All ဆိုသည့်အတိုင်း တရုတ်နိုင်ငံနှင့် မိမိတို့ အာဆီယံနိုင်ငံ မီဒီယာအဖွဲ့အစည်းများအကြား ယုံကြည်မှုပိုမိုတည် ဆောက်ခြင်း၊ သတင်းမီဒီယာကဏ္ဍကို နည်းပညာသစ်၊ နည်းလမ်းသစ်များ၊ တီထွင်ဆန်းသစ်မှု အသစ်များဖြင့် အပြန်အလှန် အကျိုးပြုနိုင်ရေးနှင့် ပြည်သူကို ဗဟိုပြုပြီးပြည်သူများအတွက် အထောက်အကူပြုမည့် သတင်းမီဒီယာဆိုင်ရာ မူဝါဒသဘောထားအမြင်များဖြင့် ဆွေးနွေးကြပြီး ထိထိရောက်ရောက် ဆောင်ရွက် သွားနိုင်ကြမည်ဟု မျှော်လင့်ပါ ကြောင်း ပြောကြားသည်။

ဆက်လက်၍ မဟုတ်မမှန် လုပ်ကြံသတင်းများ၊ သတင်းမှားများ လျော့နည်းစေရေးနှင့် သတင်းမှန်များဖြင့် ပြန်လည်တုံ့ပြန် ဆောင်ရွက်နိုင်ရေး ပူးပေါင်း ဆောင်ရွက်ကြရန် များစွာလိုအပ် နေသည့် အချိန်ဖြစ်သည်ကို သတိထားကြရန်လိုကြောင်း၊ သတင်းမှားများ တိုက်ဖျက်ရေးအတွက် အစီအစဉ်များ၊ အစီအမံ များကို ယခုကဲ့သို့ ပူးပေါင်း ဆောင်ရွက်လာနိုင်သည်နှင့်အမျှ ပိုမိုကောင်းမွန်ထိရောက်သော ရလဒ်ကောင်းများရရှိနိုင်မည်ဟု ယုံကြည်ကြောင်း၊ မိမိတို့၏ Main Stream Mediaများကို မိမိတို့နိုင်ငံများနှင့် အာဆီယံပြည်သူများက ပိုမိုသက်ဝင် ယုံကြည်အားကိုးလာအောင်၊ ကောင်းမွန်သည်ထက်ကောင်းမွန်အောင်၊ ပြည့်စုံသည်ထက် ပြည့်စုံအောင်အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရန်လို မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အာဆီယံနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ သတင်းမီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများတွင် ထက်သန်သောဆန္ဒများ၊ မိတ်ဖက်နိုင်ငံကောင်းတစ်ခုအဖြစ် တက်တက်ကြွကြွရပ်တည်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပါအဝင် မိမိတို့အာဆီယံဒေသနိုင်ငံများနှင့် ပြည်သူများ၏ ပိုမိုကောင်းမွန်သော အနာဂတ်အတွက်မျှဝေခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် မီဒီယာကဏ္ဍကို မြှင့်တင်ကြပါစို့ဟု တိုက်တွန်းပြောကြား သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် တရုတ်နိုင်ငံအတွင်းရှိ မီဒီယာများ၊ အာဆီယံနိုင်ငံများမှ မီဒီယာဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခြင်း အစီအစဉ်သို့ တက်ရောက်သည်။

အခမ်းအနားသို့ တရုတ်နိုင်ငံ အမျိုးသားအဆင့်ရေဒီယိုနှင့် ရုပ်မြင်သံကြား စီမံခန့်ခွဲမှုဆိုင်ရာ ဒုတိယဝန်ကြီး H.E. Yang Xiaowei ၊ တရုတ်ကွန်မြူနစ်ပါတီ အမြဲတမ်းကော်မတီဝင်၊ ကွမ်ရှီး ကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဆိုင်ရာကော်မတီနှင့် ပြည်သူ့ရေးရာဌာန တာဝန်ခံအရာရှိ H.E. Chen Yijun နှင့် ပြန်ကြားရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် မလေးရှား၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့မှ ပြန်ကြားရေးဆိုင်ရာ ဒုတိယဝန်ကြီးနှင့် အဆင့်မြင့် အရာရှိကြီးများ၊ ကောင်စစ်ဝန်ချုပ်များ၊ အာဆီယံနိုင်ငံများ၏ မီဒီယာဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးဦးရဲတင့်နှင့်အဖွဲ့သည် အာဆီယံ-တရုတ် မီဒီယာဖိုရမ် တက်ရောက်ကြသည့် အဆင့်မြင့်အရာရှိကြီးများနှင့်အတူ နန်နင်းမြို့ရှိ ကွမ်ရှီးမနုဿဗေဒဆိုင်ရာ ပြတိုက်သို့ သွားရောက်လေ့လာကြသည်။

သတင်းစဉ်