ရန်ကုန် စက်တင်ဘာ ၂၅
အကြိမ် (၂၀) မြောက် China ASEAN Business and Invest-ment Summit (CABIS) ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နန်နင်းမြို့၌ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင် ကျင်းပသည်။ ဖွင့်ပွဲအခမ်းအနားကို နံနက်ပိုင်းတွင် CAEXPO အဆောက်အအုံ၌ပြုလုပ်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E. Li Qiang က တက်ရောက်ဖွင့်လှစ်ပေးသည်။
မွန်းလွဲပိုင်းတွင် နန်နင်းမြို့ရှိ Grand Metropark Hotel ၌ China ASEAN Business Leaders Forum ကျင်းပသည့် အခမ်း အနားသို့ လာအိုပြည်သူ့ဒီမို ကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီး ချုပ် H.E. Sonexay Siphandone တက်ရောက်သည်။ အခမ်းအနားတွင် China Council for the Promotion of International Trade (CCPIT) ဒုတိယဥက္ကဋ္ဌက Excellent Liaison Official Award ဆုများကို အာဆီယံနိုင်ငံအသီးသီးမှ Official များသို့ ပေးအပ်ရာ မြန်မာနိုင်ငံ ကုန်သည်/စက်မှုအသင်းချုပ် တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးကျော်ဒေဝ ချီးမြှင့်ခြင်းခံရသည်။
CABIS ၏ ဆက်စပ်အစည်းအဝေးတစ်ခုဖြစ်သော Inter - national Trade and Investment Promotion Conference တွင်လည်း ဦးကျော်ဒေဝက Myanmar’s Economic & Trade Development and Business Environment as well as China-Myanmar Economic & Trade Exchanges and Business Opportunities ခေါင်းစဉ်ဖြင့် Presentation ပြုလုပ်၍ ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်