May 23, 2023
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် အင်ဒိုနီးရှားနိုင်ငံ ဘာလီ၌ကျင်းပမည့် (၁၈) ကြိမ်မြောက် အာရှမီဒီယာထိပ်သီး အစည်းအဝေး (18th Asia Media Summit) သို့ တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
May 23, 2023
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် တာဝန်ရှိ သူများနှင့်အတူ စစ်တွေမြို့နယ်ရှိ ကံ့ကော်ကျွန်း-ဇော်မတက်-ချောင်းနွယ် ကျေးရွာချင်းဆက်လမ်း ၅/၇မိုင် လမ်းပေါ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုငွေကျပ် ၂၆၀ ဒသမ ၉၄၈ သန်းဖြင့် ကွန်ကရစ်လမ်းတစ်မိုင် ဆောင်ရွက်ပြီးစီးမှု၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ခွင့်ပြုငွေကျပ် ၂၉၄ ဒသမ ၇၇၈ သန်းဖြင့် တည်ဆောက်ခဲ့သည့် ဇော်မတက်ချောင်းကူးတံတား ပေ ၁၅၀ ၏ ကြံ့ခိုင် မှုအခြေအနေများကိုလည်းကောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ခွင့်ပြုငွေကျပ် ၃၀၇ ဒသမ ၈၇၅ သန်း ဖြင့် ဆက်လက်အကောင်အထည်ဖော်မည့် ကွန်ကရစ်လမ်း အူကြောင်းအခြေအနေကိုလည်း ကောင်း အသေးစိတ်ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆိုပါ လမ်းအား ၁၈ ပေအကျယ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် စနစ်တကျ ကွင်းဆင်း စိစစ်တွက်ချက်တင်ပြရန် တာဝန်ရှိသူများကို မှာကြားသည်။
May 23, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့နှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့အတွင်း မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အပျက်အစီးများအား ပူးပေါင်းအဖွဲ့များဖြင့် ရှင်းလင်းဖယ်ရှားနေမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
May 23, 2023
တရုတ် (လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ ၂၀၂၃ ခုနှစ် မေ ၂၅ ရက်မှ ၂၈ ရက်အထိ လေးရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်သည်။
May 23, 2023
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစားတစ်ခုပင်ဖြစ်ပါသည်။
May 23, 2023
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှု တားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများကို သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “မုန်တိုင်းအန္တရာယ်မှ ကင်းဝေးအောင် ပြောင်းရွှေ့ပေးနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များအား PDF အမည်ခံအကြမ်း ဖက်သမားများက ချောင်းမြောင်းပစ်ခတ်သည့်ဖြစ်စဉ်” ခေါင်းစဉ် ဖြင့် မေ ၂၄ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။
May 23, 2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက နှစ်စဉ်ကျင်းပမြဲဖြစ်သော ၂၀၂၃ ခုနှစ်၊ အကြိမ် (၃၀) မြောက် အစိုးရနိကာယ်စာမေးပွဲကို ၁၃၈၅ ခုနှစ် နယုန်လဆန်း ၁၄ ရက်မှ နယုန်လပြည့်ကျော် ၃ ရက်အထိ (၂၀၂၃ ခုနှစ် ဇွန် ၁ ရက်မှ ၅ ရက်အထိ) ငါးရက်တိုင်တိုင် သတ်မှတ်ထားသည့် စာဖြေဌာနများ၌ တစ်ပြိုင်နက်တည်း ကျင်းပသွားမည်ဖြစ်ပြီး ဖြေဆိုရမည့် ကျမ်းစာအလိုက် သတ်မှတ်ထားသော ရက်အတိုင်း နေ့စဉ် မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ ဖြေဆိုခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
May 23, 2023
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးမျိုးတင့်၊ ဦးတင်ဟုန်၊ ဦးသိန်းကိုကို၊ ဒေါ်သင်းသင်းနွဲ့ တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော် ချုပ် ရုံးခန်းအမှတ်(၁)၌ ရုံးထိုင်၍ တရားမအထူး အယူခံမှုအမှတ် ၁၀၃/ ၂၀၁၉ (မန္တလေး)၊ ၂၀/၂၀၂၁ (ကချင်)၊ ၄၁ / ၂၀၂၂ (ပဲခူး) နှင့် ၄၂/ ၂၀၂၂ (ပဲခူး) စုစုပေါင်း တရားမအထူးအယူခံမှု (၄) မှု တို့ကို စီရင်ချက်ချမှတ်သည်။
May 23, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်းနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိ ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီး ဘုရားစေတီများသို့ သွားရောက်ဖူးမြော်ကြည်ညိုသည်။
May 23, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ပဲခူးမြို့ မြို့တော်ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။
May 23, 2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်လက်ခံခြင်း သီတင်းပတ်အစီအစဉ်အနေဖြင့် မေ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံရေးကို စတင်ဆောင်ရွက်နေပြီဖြစ်သည်။ “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ တစ်နိုင်ငံလုံးရှိ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာတတ်မြောက်ရေးအတွက် မိဘအုပ်ထိန်းသူများအားလုံးက ကျောင်းအပ်နှံပေးရမည်ဖြစ်သည်။
May 23, 2023
မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲများကို အမြို့မြို့အနယ်နယ်တို့တွင် ကျင်းပနေကြပြီဖြစ်သည်။ မုတ်သုံရာသီအစ ဇွန်၊ ဇူလိုင်လတို့တွင်လည်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကျင်းပကာ သစ်ပင်မျိုးစုံ သိန်းနှင့်သန်းနှင့်ချီ၍ စိုက်ပျိုးကြဦးမည်ဖြစ်သည်။
May 22, 2023
မုန်တိုင်းဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြို့တော်ခန်းမ၌ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။
May 22, 2023
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA) မေလ ၁၄ ရက်တွင် တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ပျက်စီးဆုံးရှုံးမှု စာရင်းများအား အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်လျက်ရှိပါသည်။
May 22, 2023
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား လိုအပ်သောပစ္စည်းများ ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးနိုင်ရန် တပ်မတော်(ရေ)မှ ၂၉ မီတာ ကမ်းထိုး ရေယာဉ်ပထမအစီးသည် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဝန်ထမ်း ၇ ဦး၊ ရေသန့်စက်ကား ၁ စီး၊ ဘားအံမြို့နယ်မြေခံတပ်မဌာနချုပ်မှ အဝတ်အထည် အထုပ်ကြီး ၉ ထုပ် စုစုပေါင်းကုန်တန်ချိန် ၁၂ တန်တို့အားလည်းကောင်း၊ ၂၉ မီတာ ကမ်းထိုးရေယာဉ်ဒုတိယမြောက်အစီးသည် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ ဝန်ထမ်း ၃ ဦး၊ ရေသန့်စက်ကား ၁ စီး၊ နယ်မြေခံတပ်မဌာနချုပ်မှ အဝတ်အထည်အထုပ်ကြီး ၂ ထုပ် စုစုပေါင်းကုန်တန်ချိန် ၉ တန်တို့အားလည်းကောင်း၊ ရေချမ်းပြင်ကမ်းထိုးရပ်တင်ဆောင်၍ ယနေ့နံနက်ပိုင်းတွင် ရသေ့တောင်ကမ်းထိုးရပ်သို့ ပို့ဆောင်ပေးခဲ့ပြီးနောက် ထောက်ပံ့ရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထပ်မံသယ်ဆောင်ပေးရန်အတွက် ရေချမ်းပြင်၌ ပြန်လည်အခြေပြုခဲ့သည်။
May 22, 2023
တပ်မတော်အနေဖြင့် ဆိုင်ကလုံးမုန်တိုင်းမိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ပျက်စီဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများသို့ ကူညီကယ်ဆယ်ရေးဖွဲ့များအားစုဖွဲ့စေလွှတ်၍ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုန်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများ၊ စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေးပစ္စည်းများ၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့် ပစ္စည်းများကိုလည်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ ရေယာဉ်များဖြင့် ကူညီ ပို့ဆောင်ပေးလျက်ရှိသည်။