Skip to main content

May 24, 2023

(၇၅) ကြိမ်မြောက် စိန်ရတု တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ် ရေးစာမေးပွဲကြီးတွင် မူလအာဘိဓမ္မိက၊ ဒီဃဘာဏက၊ ဝိနယဓရ၊ ဥဘတောဝိဘင်္ဂဓရ၊ ဒီဃနိကာယကောဝိဒ၊ ဝိနယကောဝိဒ၊ ဥဘတောဝိဘင်္ဂကောဝိဒ စသည် ခန်းခန်းအောင်ပွင့်ပန်းကို လန်းလန်း ရွှင်ရွှင် ပန်ဆင်ကြသည့် သာသနာ့အာဇာနည် အရှင်မြတ်များနှင့်တကွ သာသနာ့ဒါယကာ၊ ဒါယိကာမများ၊ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အစိုးရ အမှူးပြုသည့် ဥပါသကာ ဥပါသိကာမအပေါင်း သူတော်ကောင်းတို့အား နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကိုယ်စား အမှတ်ရဖွယ် အောက်မေ့ဖွယ်ရာဖြစ်သော သာရဏီယဩဝါဒစကား မြွက်ကြားလိုပါသည်ဘုရား။

ဆက်လက်ဖတ်ရှုရန်

May 24, 2023

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်ရှိ လေကြောင်းနှင့်အာကာသဆိုင်ရာ ပြခန်းဖွင့်ပွဲနှင့် ကမ္ဘာ့ပထမဦးဆုံး အာကာသယာဉ်မှူး ယူရီဂါဂါရင်၏ ရုပ်တုလွှဲပြောင်း လက်ခံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 24, 2023

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီ အတွင်း ရေးမှူး H.E.Mr. Nikolay Patrushev ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံ မော်စကိုမြို့၌ မေ ၂၃ ရက်မှ ၂၅ ရက်အထိ ကျင်းပမည့် (၁၁)ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိ ကြီးများအစည်းအဝေးသို့ တက်ရောက်ရန် ယနေ့ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာသည်။

ဆက်လက်ဖတ်ရှုရန်

May 24, 2023

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်း အဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံမှုသီတင်းပတ်အဖြစ် ယနေ့ မှ မေ ၃၁ ရက်အထိ သတ်မှတ်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံမှုလက်ခံခြင်းများကို ဆောင်ရွက်သွားမည် ဖြစ်ရာ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ကျောင်းအပ်လက်ခံခြင်းများကို ယနေ့နံနက်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 24, 2023

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦအေးကျော်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့တွင် အလွန့်အလွန် အင်အားပြင်းထန်သော မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ် စစ်တွေမြို့ ၆၆/၁၁ ကေဗွီ ဓာတ်အားခွဲရုံ အမှတ် (၁) နှင့် ၆၆/၁၁ ကေဗွီ အမှတ် (၂) ဆတ်ရိုးကျ ဓာတ်အားခွဲရုံတို့အတွင်းရှိ ပြန်လည်ပြင်ဆင်နေမှုများနှင့် ဓာတ်အားလိုင်းများ ပြုပြင်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 24, 2023

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော (၇၅) ကြိမ်မြောက် စိန်ရတုတိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ် ၁၅၂ ပါးတို့အား ချီးကျူးပူဇော်ပွဲနှင့် အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 24, 2023

​​​​​​​မြန်မာနိုင်ငံ၏စီးပွားရေးသည် ၂၀၁၈ ခုနှစ်မှစတင်၍ ကျဆင်းလာခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်ခဲ့မှုကြောင့် စီးပွားရေးပိုမိုကျဆင်းခဲ့ရသည်။ ၂၀၂၀ ပြည့်နှစ်မှစတင်၍ ဖြတ်သန်းလာခဲ့သည့် နှစ်နှစ်တာကာလအတွင်း ကိုဗစ်-၁၉ ရောဂါနှင့် နိုင်ငံရေး အကျပ်အတည်းများကြောင့် စီးပွားရေးကျဆင်းမှုများ ဖြစ်ပေါ်ခဲ့သည်။ နိုင်ငံတော်အစိုးရအနေဖြင့် အခက်အခဲများကြားမှ ရုန်းကန်ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ်တွင် နိုင်ငံ့စီးပွားရေး အတိုင်းအတာတစ်ခုအထိ တိုးတက်လာပြီး ၂၀၂၃ ခုနှစ်တွင် ပိုမိုတိုးတက်လာသည်။

ဆက်လက်ဖတ်ရှုရန်

May 24, 2023

​​​​​​​၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံသူ မိဘပြည်သူ ကျောင်းသူကျောင်းသား၊ ဆရာဆရာမများ စည်ကားလှုပ်ရှား နေကြသည့် မြင်ကွင်းများကို တွေ့မြင်ရပြီဖြစ်သည်။ ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်သော မေလ ၂၃ ရက်မှ မေလ ၃၁ ရက်နေ့အထိ ကလေးများ ကျောင်းအပ်နှံကြရေးအတွက် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဟူသောဆောင်ပုဒ်ဖြင့် တိုက်တွန်းနှိုးဆော်ထားခြင်းဖြစ်ရာ မိမိတို့၏ ရင်သွေးကလေးများ ကျောင်းနေအရွယ်တွင် ရောက်ရှိနေပါက ကျောင်းအပ်နှံကြရန် တာဝန်ရှိသော မိဘအုပ်ထိန်းသူများ မဖြစ်မနေ မြန်မြန်ဆန်ဆန် ကျောင်းအပ်နှံပေးကြဖို့လိုသည်။ ပညာသင်ကြားခြင်းသည် ကလေးတို့၏ ဘဝရှေ့ရေးအတွက် အရေးအကြီးဆုံး လိုအပ်ချက်ဖြစ်သည်ကို မိဘတိုင်းက ရိုးရှင်းစွာရှုမြင်ကြရန်လိုပြီး နိုင်ငံရေးအမှောင့်ပယောဂကြောင့် သားသမီးတို့ ပညာရေးဆုံးရှုံးမှုမဖြစ်စေရန်လည်း သတိပြုကြရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 23, 2023

နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကိုဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ယနေ့အထိ ပါတီတည်ထောင်ခွင့်လျှောက်ထားလာသည့်အဖွဲ့ ၁၃ ဖွဲ့ရှိပြီး၊ ယင်းသို့လျှောက်ထားသည့် အဖွဲ့များအနက် နိုင်ငံရေးပါတီ ၅ ပါတီကို တည်ထောင်ခွင့်ပြုပြီး ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

May 23, 2023

​​​​​​​ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၂-၅-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၃-၅-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၀,၃၆၃) ခုအား စစ်ဆေးပြီးစီးခဲ့ ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၀၄) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့ အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၁) ရာခိုင်နှုန်း ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

May 23, 2023

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှက ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက် နံနက် ၆ နာရီခွဲတွင် မွေးဖွားခဲ့သည့် ဆင်ဖြူတော် (အထီး)ကလေး “ရဋ္ဌနန္ဒက”သည် မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 23, 2023

သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အခမ်းအနား

ဆက်လက်ဖတ်ရှုရန်

May 23, 2023

အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာများ၌ စက်ရုံများတွင် အလုပ်သမားများအပေါ် ဥပဒေချိုးဖောက်မှုများရှိသည်ဟူသော သတင်းဖော်ပြမှု နှင့်ပတ်သက်ပြီး အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနအနေဖြင့် အလုပ်သမားရေးရာ ပေါင်းစပ်အဖွဲ့ဖြင့် လည်းကောင်း၊ စည်းကြပ်ဥပဒေများဖြင့်လည်းကောင်း မှန်ကန်မှု ရှိ/မရှိ စိစစ်၍ အလုပ်သမားများ ရပိုင်ခွင့်များရရှိအောင် ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 23, 2023

အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာများ၌ စက်ရုံများတွင် အလုပ်သမားများအပေါ် ဥပဒေချိုးဖောက်မှုများရှိသည်ဟူသော သတင်းဖော်ပြမှုနှင့်ပတ်သက်ပြီး အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနအနေဖြင့် အလုပ်သမားရေးရာ ပေါင်းစပ်အဖွဲ့ဖြင့်လည်းကောင်း၊ စည်းကြပ်ဥပဒေများဖြင့်လည်းကောင်း မှန်ကန်မှု ရှိ/ မရှိ စိစစ်၍ အလုပ်သမားများ ရပိုင်ခွင့်များရရှိအောင် ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 23, 2023

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာ ချက်များပါဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေး ထားပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 23, 2023

သဘာဝလေဘေး တိုက်ခတ်မှုကြောင့် စစ်တွေတပ်နယ်ရှိ ပျက်စီးမှုဖြစ်ပေါ်ခဲ့သော စာသင်ကျောင်းများ၊ ဆေးရုံများ ပြန်လည်ပြုပြင်ခြင်း ဆောင်ရွက်နေသည့် အခြေအနေများကို ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေး သည်။

ဆက်လက်ဖတ်ရှုရန်

May 23, 2023

ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် စစ်တွေလေဆိပ်သို့ ရောက်ရှိရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။

ဆက်လက်ဖတ်ရှုရန်

May 23, 2023

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် အင်ဒိုနီးရှားနိုင်ငံ ဘာလီ၌ကျင်းပမည့် (၁၈) ကြိမ်မြောက် အာရှမီဒီယာထိပ်သီး အစည်းအဝေး (18th Asia Media Summit) သို့ တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

ဆက်လက်ဖတ်ရှုရန်

May 23, 2023

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် တာဝန်ရှိ သူများနှင့်အတူ စစ်တွေမြို့နယ်ရှိ ကံ့ကော်ကျွန်း-ဇော်မတက်-ချောင်းနွယ် ကျေးရွာချင်းဆက်လမ်း ၅/၇မိုင် လမ်းပေါ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုငွေကျပ် ၂၆၀ ဒသမ ၉၄၈ သန်းဖြင့် ကွန်ကရစ်လမ်းတစ်မိုင် ဆောင်ရွက်ပြီးစီးမှု၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ခွင့်ပြုငွေကျပ် ၂၉၄ ဒသမ ၇၇၈ သန်းဖြင့် တည်ဆောက်ခဲ့သည့် ဇော်မတက်ချောင်းကူးတံတား ပေ ၁၅၀ ၏ ကြံ့ခိုင် မှုအခြေအနေများကိုလည်းကောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ခွင့်ပြုငွေကျပ် ၃၀၇ ဒသမ ၈၇၅ သန်း ဖြင့် ဆက်လက်အကောင်အထည်ဖော်မည့် ကွန်ကရစ်လမ်း အူကြောင်းအခြေအနေကိုလည်း ကောင်း အသေးစိတ်ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆိုပါ လမ်းအား ၁၈ ပေအကျယ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် စနစ်တကျ ကွင်းဆင်း စိစစ်တွက်ချက်တင်ပြရန် တာဝန်ရှိသူများကို မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်