Skip to main content

May 22, 2023

ရန်ကုန်မြို့သို့ရောက်ရှိနေသည့် တပ်မတော်(ရေ)မှ ရေကြောင်းလူငယ် အခြေခံသင်တန်းနှင့် တန်းမြင့်သင်တန်းတို့မှ သင်တန်းသား၊ သင်တန်းသူများသည် အုပ်ချုပ်သူနည်ပြများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ရှိ ရေတပ်သင်္ဘောကျင်း ဌာနချုပ်သို့ရောက်ရှိကြပြီး သင်္ဘောတည်ဆောက်ရေးလုပ်ငန်းများ၊ လွန်းတင်ပြင်ဆင်လျက်ရှိသောရေယာဉ်များ၏ ပြုပြင်ရေးဆောင်ရွက်နေမှုများ၊ Shiplift System ဖြင့် ရေယာဉ်များလွန်းတင်/လွန်းချ စနစ်များနှင့် စက်ရုံ၊ အလုပ်ရုံများရှိ တွင်ခုံ၊ ဖောက်ခုံ၊ ရေဘော်ခုံများသို့ လှည့်လည် ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

ဆက်လက်ဖတ်ရှုရန်

May 22, 2023

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

May 22, 2023

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရောက်ရှိနေသော တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် နယ်လှည့်အထူးဆေးကုသရေးအဖွဲ့သည် ယနေ့တွင် ရွှေဘိုမြို့ရှိ မြို့တော်ခန်းမ၌အခြေပြု၍ မြို့ပေါ်ရပ်ကွက်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ စုစုပေါင်း ၆၂၁ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

May 22, 2023

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်းတို့၏မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်လျက်ရှိပြီး ယနေ့တွင်လည်း ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ တိမ်ကြားမင်းခေါင်ခန်းမ၌ပြုလုပ်ရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဉပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ၊ ရပ်မိရပ်ဖများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 22, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၁-၅-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၂-၅-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၇,၆၁၄) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၈၂) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၁.၀၈) ရာခိုင်နှုန်း ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

May 22, 2023

ကျန်းမာရေး ဝန်ကြီးဌာနသည် ဆိုင်ကလုန်းမုန်တိုင်းမိုခါ ဘေးအန္တရာယ်ကျရောက်သည့်ဒေသ များတွင် မေ ၁၅ ရက်မှစတင်၍ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက် ပေးလျက်ရှိရာကျန်းမာရေး ဝန်ကြီးဌာနအောက်ရှိ နယ်လှည့်အထူးကုဆေးအဖွဲ့များ၊ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့များနှင့်ဆေးအဖွဲ့များက မြို့နယ်အဆင့်မှ ကျေးလက်ဒေသအထိ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 22, 2023

နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် NUG နှင့် CRPH တို့၏ ညွှန်ကြား မှုဖြင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရဟန်း သံဃာတော်များ၊ အစိုးရဝန်ထမ်းများနှင့် တိုင်းရင်းသားပြည်သူများအား အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်၍ နိုင်ငံတော်ပိုင် အဆောက်အဦများ၊ အများပြည်သူသွားလာလျက်ရှိသော လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများကို ဥပဒေမဲ့ကျူးလွန် လုပ်ဆောင်လျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 22, 2023

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင်မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့်ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ်အတွင်း ၂၃၀ ကေဗွီ ပုဏ္ဏားကျွန်းပင်မဓာတ်အားခွဲရုံနှင့် ၂၃၀ ကေဗွီအမ်း-မြောက်ဦး-ပုဏ္ဏားကျွန်း မဟာဓာတ်အားလိုင်းတာဝါတိုင်များလဲပြို ပျက်စီးခဲ့သည်များအစားထိုးပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 22, 2023

မိုခါမုန်တိုင်းဒဏ်သင့်သူများအတွက် အာဆီယံနိုင်ငံများမှ အမေရိကန်ဒေါ်လာ ၁၀၇၀၆၄ ခန့်မှန်းတန်ဖိုးရှိ ယာယီမိုးကာတဲများ၊ တာပေါ်လင်၊ Jerry Can၊ Shelter Repair Kit အပါအဝင် အခြားအရေးပေါ်သုံးပစ္စည်းများ ပါဝင်သောတန်ချိန် စုစုပေါင်း ၃၄ ဒသမ ၆၉ တန်ကျော် သယ်ဆောင်လာသည့် စင်ကာပူလေတပ်မှ C-130 နှစ်စင်းနှင့် B737-800F လေယာဉ်တို့သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်လေဆိပ်သို့ ဆိုက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 22, 2023

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သဘောဝဘေး အန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကာကွယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊

ဆက်လက်ဖတ်ရှုရန်

May 22, 2023

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းတည့် ၁၂ နာရီ က ကူမင်းမြို့ Haigeng Garden Convention Center ၌ ယူနန်ပြည်နယ် ပါတီအတွင်းရေးမှူး Mr. Wang Ning မှ တည်ခင်းဧည့်ခံ သော အလုပ်သဘော နေ့လယ်စာစားပွဲသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

May 22, 2023

မုန်တိုင်းဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ယခင်ကထက် ပိုမိုသာလွန်ကောင်းမွန်အောင် ဆောင်ရွက်ပေးရမည်၊ မုန်တိုင်းဒဏ်သင့်ဒေသများမှ ပြည်သူများ တစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေး ကူညီဆောင်ရွက်ပေးသွားမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အသိပေးပြောကြားထားသည်။

ဆက်လက်ဖတ်ရှုရန်

May 22, 2023

အဂတိလိုက်စားမှုဆိုသည်မှာ ပြည်သူ့ဝန်ထမ်းများက လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြု၍ ကိုယ်ကျိုးရှာခြင်းဖြစ်သည်ဆိုသော အများနားလည်ထားကြသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်ထက် ပိုမိုကျယ်ပြန့်သည်ဟုဆိုသည်။ လာဘ်ပေးလာဘ်ယူမှု၊ အလွဲသုံးစားပြုမှုတို့အပါအဝင် အဂတိလိုက်စားမှုများကြောင့် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူ/တာဝန်ခံမှုနှင့် တရားဥပဒေ စိုးမိုးမှုတို့အပေါ် များစွာထိခိုက်စေသည်။ သို့ဖြစ်ရာ အဂတိလိုက်စားမှုကို ထိထိရောက်ရောက် တိုက်ဖျက်ခြင်းဖြင့်သာ ကောင်းသောအုပ်ချုပ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို မျှော်မှန်းနိုင်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 21, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 21, 2023

မေ ၁၄ ရက်နေ့က တိုက်ခက်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) ကျရောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည် ဒေသများသို့ နိုင်ငံတော်စီမံအုပ်ချူပ်ရေးကောင်းစီအဖွဲ့ဝင် ကာကွယ်ရေးဦးစီချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချူပ်ကြီး မိုးမြင့်ထွန်းနှင့် တာဝန်ရှိသူများသည် မေ ၂၀ ရက်တွင် သွားရောက်၍ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသား စုဝင်များအားတွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်