Skip to main content

တရားမဝင်သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ သိမ်းဆည်းရမိ

နေပြည်တော် အောက်တိုဘာ၂၂

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၀ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် သံလွင်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ် (တရုတ်လှဘက်ခြမ်း) ၌ ဘားအံမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် အသားတု ၁၃၅၀ ကီလိုဂရမ်၊  TVI Fish Dumbells ၃၅၀ ကီလိုဂရမ်၊ သရက်သီး ၄၀၀ ကီလိုဂရမ်၊ Slipper ဖိနပ် ၂၂၈ ရန်၊ Honda ဆိုင်ကယ်(Used) တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ်၇၃၆၈၈၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Ankai Express တစ်စီးနှင့် Golden Dragon Express တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၀၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၇၃၆၈၈၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အရေးယူဆောင်ရွက်လျက်ရှိ

ထို့ပြင် အောက်တိုဘာ ၂၀ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း နမ့်အွမ်ကျေးရွာအနီးရှောင်ကွင်းလမ်းတစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့ပစ္စည်းများဖြစ်သည့် တရုတ်နိုင်ငံထုတ် မီးခြစ်ဆံဗြောက်ဘူး ၄၀၈၀၀ အပါအဝင် ကုန်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၉၄၀၀၀၀)ကိုလည်းကောင်း၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ သထုံမြို့မှ ပဲခူးမြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှတရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Prawn Hornet စားအုန်းဆီ လီတာ ၅၄၀ အပါအဝင် ကုန်ပစ္စည်းလေးမျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၅၀၀၀၀) နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Toyota Hilux တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀)ကို လည်းကောင်း၊ အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Dog Food Plastic Cont  အခု ၇၂၀ အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၂၀၀၀၀)ကိုလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ်၃၀၉၁၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် အောက်တိုဘာ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ မြဝတီမြို့မှ ဖြူးမြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးနှင့် မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင် လာသည့် ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ဟင်းသီးဟင်းရွက် ဆီ ၁၂၀ လီတာ၊ MSI Laptop ၁၅ လုံး၊ Penfolds Wine Bin 28 ၂၂၈ ပုလင်း၊ Dr.Manila အမဲစက်ကုသမှုသွေးရည်ကြည် ပုလင်း ၉၀၀ အပါအဝင် ကုန်ပစ္စည်း ၁၁ မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၈၂၅၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hiace တစ်စီးနှင့် Yutong Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၀၀၀၀၀)ကို  အကောက်ခွန်လုပ်ထုံး လုပ်နည်းများအရ လည်းကောင်း၊ ပဲခူးခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် ၆ ဒသမ ၁၇၁ တန်၊ သစ်မာ ၁ ဒသမ ၅၅၉ တန်နှင့် အခြား သစ် သုည ဒသမ ၁၀၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၆၀၃၃၆)ကိုသစ်တောဥပဒေအရလည်းကောင်း စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၉၃၆၈၅၃၃၆)ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ အောက်တိုဘာ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၉ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၁၉၆၄၁၃၆) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်