လူထုအခြေပြုဗဟိုဌာနများကို အကျိုးရှိအောင် ဘယ်လိုအသုံးပြုမလဲ စကားဝိုင်းကျင်းပ
လူထုအခြေပြုဗဟိုဌာန(Community Centre)များကို အကျိုးရှိအောင် ဘယ်လိုအသုံးပြုမလဲ စကားဝိုင်းကို ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ရန်ကုန်မြို့ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) ၌ ကျင်းပခဲ့သည်။ အဆိုပါစကားဝိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး MRTV-4 အစီအစဉ်တင်ဆက်သူ ငြိမ်းချမ်းကိုကို၊ မခင်ရတနာဦး၊ MRTV-4 သရုပ်ဆောင် ဖြိုးရာဇာနိုင်နှင့် ဝိုင်းရွှေရည်တို့က ပါဝင်ဆွေးနွေးခဲ့သည်။