သန့်စင်သည့် လေထု ဆိုရာဝယ်
၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေသည် ယခုလက်ရှိ ၇ ဒသမ ၅ ဘီလီယံထက် ၃၁ ရာခိုင်နှုန်း မြင့်တက်လာပြီး ၉ ဒသမ ၈ ဘီလီယံအထိ ရောက်ရှိနိုင်ကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြထားသည်။ အိန္ဒိယနိုင်ငံသည် ၁ ဒသမ ၇ ဘီလီယံဖြင့် ကမ္ဘာ့လူဦးရေအများဆုံး ဖြစ်လာ နိုင်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံက ၁ ဒသမ ၃ ဘီလီယံ ဖြင့် ဒုတိယနေရာတွင် ရှိလာနိုင်သည်ဟုလည်း ဖော်ပြထား သည်။
၂၀၅၀ ပြည့်နှစ်တွင် ၃၉ နိုင်ငံရှိ လူဦးရေသည် ၂၀၁၇ ခုနှစ်အောက် လျော့နည်းနိုင်ပြီး အာဖရိကတိုက်ရှိ နိုင်ငံ ၃၀ တွင်မူ လူဦးရေ နှစ်ဆခန့် မြင့်တက်လာဖွယ်ရှိကြောင်း၊ အမေရိကန်ပြည်ထောင်စုမှာမူ ၃၂၅ သန်းမှ ၃၇၉ သန်း အထိ တိုးလာနိုင်ကြောင်းလည်း ဖော်ပြထားသည်။