Skip to main content

ဘယာဂတိမရှိစေချင်

"အချက်အလက်များကို သိလိုပါသည်၊ ခြိမ်းခြောက်မှုကို မလိုချင်ပါ" ဟူသော အသံများသည် နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုနှင့်ယှဉ်၍ပေါ်လာသော စကား ဖြစ်ပါသည်။ သို့သော် "ချောက်ချားစရာ အချက်အလက်များ"သည် လက်ခံရရှိသူအတွက် ကြောက်ရွံ့တုန်လှုပ် စရာလည်း ဖြစ်နိုင်ပါသည်။

သွေးချင်းတို့ရဲ့ ပွဲတော်ဆီမှ တိုင်းရင်းသားသွေးချင်းတို့၏ ရိုးရာယဉ်ကျေးမှု ပြခန်းများ(၅)

ရန်ကုန်မြို့ ကျိုက္ကဆံကွင်းအတွင်း ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက်အထိ ကျင်းပနေသည့် ‘‘ သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ’’ ပွဲတော်ကြီးသည် ပွဲတော် ကာလပြီးဆုံးရန် နီးကပ်လာသည်နှင့်အမျှ တိုင်းရင်းသားများ၏ ယဉ်ကျေးမှု ပြခန်းများသို့ လာရောက်လေ့လာသူများ၊ ညပိုင်းတွင် တိုင်းရင်းသားများ၏ ကပြဖျော်ဖြေတင်ဆက်မှုများနှင့် နာမည်ကျော် တေးသံရှင်များ၏ သီဆို ဖျော်ဖြေမှုများကို လာရောက်ကြည့်ရှုသူများ၊ ရိုးရာအစားအစာများ၏ ထူးခြား ကောင်းမွန်သော အရသာများကို လာရောက်စားသုံးသူများဖြင့် တစ်နေ့ထက် တစ်နေ့ ပိုမိုစည်ကားလျက်ရှိသည်။

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

ရိုးရာယဉ်ကျေးမှုပြခန်း

အကျိုးရှိအောင် အသုံးပြုရမည့် လူထုအခြေပြုဗဟိုဌာန (Community Center)

အမှတ်မထင် တွေ့မြင်လိုက်ရသည့် အဆောက်အဦသည် ယခင်တွေ့နေကျ ရုံးဌာနများ၏ပုံသဏ္ဌာန်နှင့်မတူဘဲ တစ်မူထူးခြားနေသည်။ နိုင်ငံတကာအဆင့်မီ အများပြည်သူနှင့် သက်ဆိုင်သည့် ဌာနတစ်ခုပုံစံဖြင့် ဆွဲဆောင်မှု ရှိလှသည်။

အကျိုးရှိအောင် အသုံးပြုရမည့်လူထူအခြေပြုဗဟိုဌာန(Community Centre)

အမှတ်မထင် တွေ့မြင်လိုက်ရသည့် အဆောက်အဦသည် ယခင်တွေ့နေကျ ရုံးဌာနများ၏ ပုံသဏ္ဌာန်နှင့်မတူဘဲ တစ်မူထူးခြားနေသည်။ နိုင်ငံတကာ အဆင့်မီ အများပြည်သူနှင့် သက်ဆိုင်သည့်ဌာနတစ်ခုပုံစံဖြင့် ဆွဲဆောင်မှု ရှိလှသည်။

မတူကွဲပြားမှုများမှသည် ပြည်ထောင်စုအောင်ပွဲဆီသို့

မိသားစုတစ်စု အတွင်းမှာပဲဖြစ်ဖြစ်၊ လူ့အဖွဲ့အစည်းအသိုက်အမြုံ တစ်ခုမှာပဲဖြစ်ဖြစ်၊ နိုင်ငံတစ်ခု ဒေသတစ်ခုမှာပဲဖြစ်ဖြစ် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ရှိကြလျှင်ဖြင့် အရေးအရာ မှန်သမျှ အနှောင့်အယှက်ကင်းကင်းနဲ့ အဆင်ပြေပြေ၊ ချောချောမွေ့မွေ့ အောင်မြင်တတ်ကြပါတယ်။ တိုးတက်ဖွံ့ဖြိုးမှုလည်း ရရှိနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်နဲ့ ဒီလိုဖန်တီးနိုင်တဲ့ အရည်အချင်းတွေ ရရှိနေလို့ပဲဖြစ်ပါတယ်။ မြန်မာတိုင်းရင်းသားအပေါင်းဟာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရချင်လို့ နိုင်ငံလွတ်လပ်ရေးရရှိအောင် ကြိုးပမ်းအားထုတ်ခဲ့ ကြပါတယ်။

သွေးချင်းတို့ရဲ့ ပွဲတော်ဆီမှ တိုင်းရင်းသားသွေးချင်းတို့၏ ရိုးရာယဉ်ကျေးမှု ပြခန်းများ(၁)

ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်းတွင် ဒုတိယအကြိမ် မြောက်ကျင်းပသည့် ''သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ၂၀၂၀'' ပွဲတော်ကြီးကို ဖေဖော်ဝါရီလ ၁ ရက်မှစတင်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက်အထိ ကျင်းပလျက်ရှိ သည့် ယခုနှစ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ ၂၀၂၀ ပွဲတော်ကို မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းက ကြီးမှူး၍ ကယားတိုင်းရင်းသား လုပ်ငန်းရှင်အသင်းက ကျင်းပခြင်းဖြစ်ပြီး တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က ပူးပေါင်းပါဝင် ပံ့ပိုးပေးထားခြင်းဖြစ်သည်။

ဖျားနာသူမှာ ရှိလာသည့်တာဝန်

နှစ်သစ်နှင့်အတူ ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းတွင် ကမ္ဘာကို စိန်ခေါ်လာသော ကူးစက်ရောဂါမှာ ပျံ့နှံ့မှုနှုန်း မြန်ဆန်လှသည်ကို တွေ့ရသည်။ သိပ္ပံပညာတိုးတက်မှုကြောင့် ရောဂါစတင်ဖြစ်ပွားပြီး ရက်များမကြာခင်ပင် “ကိုရိုနာ ဗိုင်းရပ်(စ်) ပိုးသစ်”တစ်မျိုးကြောင့်ဖြစ်ကြောင်း ဓာတ်ခွဲ စမ်းသပ် တွေ့ရှိနိုင်ခဲ့ခြင်းမှာ အရေးကြီးသော တိုးတက်မှုဟု ဆိုရမည် ဖြစ်သည်။

သေကျေပျက်စီး

Subscribe to