Jul 14, 2024
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ၁၁-၇-၂၀၂၄ ရက်မှ ၁၂-၇-၂၀၂၄ ရက်အထိကျင်းပခဲ့သော ဒုတိယအကြိမ် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၁၄-၇-၂၀၂၄ ရက်၊ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။
Jul 14, 2024
ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းအချို့သည် အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရရှိဘဲ လုပ်ငန်းခွင်ကိုစွန့်ခွာသွားကြသည့်အတွက် သက်ဆိုင်ရာဌာနများ၏ အမည်မည်းစာရင်း (Black Lists) တွင် ပါဝင်လျက်ရှိနေခြင်းကြောင့် နိုင်ငံတော်အတွက် လူသားအရင်းအမြစ်ဆုံးရှုံးမှုများဖြစ်ပေါ်သည့်အပြင် ကာယကံရှင်များ၏လူမှုဘဝများလည်း နစ်နာလျက်ရှိပါသည်။
Jul 14, 2024
၂၀၂၄-၂၀၂၅ ခုနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သော မိုးစပါးစိုက်တောင်သူများအား သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် အူကျွန်းကျေးရွာရှိ တောင်သူဦးကျော်ရွှေ၏မိုးစပါး (ဆင်းသုခ) စိုက်ခင်း၌ကျင်းပသည်။
Jul 14, 2024
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ ဧရာဝတီမြစ်ရေသည် စိုးရိမ်အမှတ်ကျော်လွန်၍ မြင့်တက်လာသောကြောင့် မြေနိမ့်ပိုင်း မြစ်ရေဝင်ရောက်သည့် ရပ်ကွက်များဖြစ်သော မကျီးကုန်း၊ သရက်တော၊ တရော်ကုန်း၊ စက်ရုံရပ်ကွက်များရှိ ရေဘေးသင့် အိမ်ထောင်စုများအား အန္တရာယ်ကင်းဝေးစေရန်နှင့် စိတ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ ဦးဆောင်၍ မီးသတ်ဦးစီးဌာနနှင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ချက်ချင်းသွားရောက်ပြီး ရေဘေးရှောင်စခန်းအသီးသီးသို့ ကူညီရွှေ့ပြောင်းပေးခဲ့သည်။
Jul 14, 2024
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးသင့် အိမ်ထောင်စုများအား ကူညီပြောင်းရွှေ့ပေးခြင်းကို ယမန်နေ့ ညနေအချိန်မှစ၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jul 14, 2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေအမှတ်(၂၉၀၀)စင်တီမီတာ၊ (၉၅.၀၀)ပေထိမြင့်တက်၍ ရေဝင်အိမ်ထောင်စုများအား မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ မြို့နယ်မီးသတ်ဦးစီးမှူးဦးသက်ပိုင်ထွန်းဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပူးပေါင်းအဖွဲ့အစည်းများ၊ ရွှေတောင်မြို့နယ်ပရဟိတအသင်းအဖွဲ့များက ရွှေတောင်မြို့နယ်အတွင်းရှိ (ယွန်းတန်းရပ်ကွက်၊ သရက်တောရပ်ကွက်၊ ကြာနီကန်ရပ်ကွက်၊ မင်းတဲကျွန်းအုပ်စု၊ သောင်ပြင်ကုန်းအုပ်စု)များမှ ဧရာဝတီမြစ်ရေ ယနေ့ထက်မံဝင်ရောက်သည့် အိမ်ခြေ(၉၁)၊ အိမ်ထောင်စု(၁၇၀)၊ လူဦးရေ(၄၉၈)ဦးတို့အား လူအသုံးအဆောင်ပစ္စည်းများ၊ အဝတ်အထည်များ၊ အိမ်ထောင်ပရိဘောဂပစ္စည်းများကို ဘေးလွတ်ရာရေးဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးခဲ့သည်။
Jul 14, 2024
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် အခြေခံပညာစာသင်ကျောင်း ခုနစ်ကျောင်း၌ မြစ်ရေများဝင်ရောက်ခဲ့သဖြင့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ ဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ဇူလိုင်လ ၁၂ ရက်မှစတင်ပြီး ထပ်မံယာယီပိတ်ထားခဲ့ရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
Jul 14, 2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဘေးသင့်ကျေးရွာများဖြစ်သည့် သံကိုင်းကျေးရွာ၊ သိမ်ကုန်းကျေးရွာနှင့် ကံလှကျေးရွာတို့မှ ကျွဲနွားတိရစ္ဆာန်များ ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ရသည့် ဒေသခံပြည်သူများအတွက် သောက်သုံးရေ အဆင်ပြေစေရန် ယနေ့နံနက် ၉ နာရီက မြို့နယ်သဘာဝဘေးအန္တရာယ်လုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့က ရေသန့်နှင့် ရေသန့်ဘူးကတ်များ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Jul 14, 2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်ပြီး စိုးရိမ်ရေအမှတ် (၁၇၀၀) စင်တီမီတာအထက်သို့ ကျော်လွန်နေပြီဖြစ်ရာ မြစ်ရေဝင်ရောက်သည့် ရပ်ကွက်များရှိ ရေဘေးသင့်အိမ်ထောင်စုဝင်များအား ကုန်းမြင့်ပိုင်းရှိ ရေဘေးရှောင်စခန်းများသို့ ရွှေ့ပြောင်းပေးနေကြောင်း မင်းဘူးမြို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ထံမှ သိရသည်။
Jul 14, 2024
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ထုံးဘိုမြို့ ထုံးဘိုအုပ်စု ခတ္ထိယရပ်ကွက်အတွင်း၌ ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဧရာဝတီမြစ်ရေ(၄)ပေခန့် မြင့်တက်လာမှုကြောင့် လူနေအိမ်(၆)လုံးသို့ ရေများဝင်လာပြီး စိုးရိမ်ရသည့် အခြေအနေရှိသည့်အတွက် လူများနှင့် နေအိမ်ရှိ အရေးကြီးပစ္စည်းများအား ထုံးဘိုမြို့ မြသိန်းတန်ဘုရားဝန်းအတွင်းရှိ ဘုရားတန်ဆောင်များသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။