Skip to main content

ဦးစီးအရာရှိ စွမ်းဆောင်ရည် မြင့်မားရေးမွမ်းမံသင်တန်းအမှတ်စဉ် (၁၂) ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၆

ဦးစီးအရာရှိ စွမ်းဆောင်ရည်မြင့်မား ရေးမွမ်းမံသင်တန်း အမှတ်စဉ် (၁၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သစ်တောသုတေသနဌာန စုဝေးခန်းမရေဆင်း၌ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

ဒုတိယဝန်ကြီးက ယနေ့ဖွင့်လှစ်သည့် မွမ်းမံသင်တန်းကို ဝန်ကြီးဌာနနှင့် သစ်တောဦးစီးဌာန၏ တာဝန်ဝတ္တရားများကို နားလည်သဘောပေါက်ပြီး နိုင်ငံတော်၏ပြုပြင်ပြောင်းလဲမှု လုပ်ငန်း စဉ်များတွင် ကိုယ်တိုင်ကိုယ်ကျပါဝင်ကာ ဦးစီးတာဝန်ယူ ဆောင်ရွက်တတ်စေရန်၊ သစ်တော လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေ ရန်နှင့် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေးအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိသည့် ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန်ရည်ရွယ်ပြီး ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအားလုံး မိမိတို့၏ ဌာနအကျိုး၊ နိုင်ငံအကျိုးကို စွမ်းဆောင်ရည် မြင့်မားစွာဖြင့် ကောင်းစွာသယ်ပိုးနိုင်သည့် ဝန်ထမ်းကောင်းများ ဖြစ်လာအောင် ကြိုးစားလေ့ကျင့်သင်ယူ သွားကြရန် မှာကြားလိုကြောင်း ပြောကြားသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာနအောက်ရှိ လုပ်ငန်းဌာနများမှ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူ ၂၀ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်