Skip to main content

သုတေသနဆိုင်ရာ အရည်အသွေးမြှင့် သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၆

ပညာရေးဝန်ကြီးဌာန ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန သုတေသနဆိုင်ရာ အရည်အသွေးမြှင့် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာနမှ သင်တန်းသား သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပညာရေး အပါအဝင် Social Science နယ်ပယ်တွင် သုတေသနများ လုပ်ဆောင်သည့်အခါ တွင်ကျယ်စွာအသုံးပြုနေသည့် statistical analysis software တစ်ခုဖြစ်သည့် R Software ကို လေ့ကျင့်သင်ယူရမည်ဖြစ်ကြောင်း။

ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနသည် Education Management System (EMIS) ကိုလည်းအဓိကထား ဆောင်ရွက်နေသည့်အတွက် ရရှိလာသည့် စာရင်းအင်းအချက် အလက်များပေါ်မူတည်ပြီး ပညာရေးဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်သည့်လုပ်ငန်းများကို အထောက်အကူပေးလျက်ရှိပါကြောင်း၊ သုတေသနများ လုပ်ဆောင်ရာတွင် ရရှိလာသည့် စာရင်းအင်းအချက်အလက်များကို analysis လုပ်ရာတွင် နည်းစနစ်ကျ မှန်ကန်စေရေးအတွက် ယခုလို Data Analysis ဆိုင်ရာ Statistical Tool တစ်ခုဖြစ်သည့် R Programming နှင့်စပ်လျဉ်းသည့် သုတေသနဆိုင်ရာ အရည်အသွေးမြှင့်သင်တန်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ တက်ရောက်ကြမည့် သင်တန်းသားများအနေဖြင့် သင်တန်းကို စိတ်ပါဝင်စားစွာဖြင့် ကျွမ်းကျင်စွာ တတ်မြောက်အောင် သင်ယူကြစေလိုကြောင်း၊ ဆက်လက်ပြီး မိမိတို့၏စွမ်းဆောင်ရည်ကို စဉ်ဆက်မပြတ်မြှင့်တင်နေကြရန်နှင့် တတ်မြောက်ထားသည့် အတတ်ပညာများဖြင့် ဦးစီးဌာန၏ လုပ်ငန်းများကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန် စွမ်းစွမ်းတမံဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် သင်တန်းကိုအစီအစဉ်အတိုင်း ဆက်လက်ကျင်းပရာ ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ‌ဒေါက်တာစိုးဝင်းက သုတေသနနည်းစနစ် (Research Methodology and R Software) ခေါင်းစဉ်ဖြင့် ဆွေးနွေးပို့ချသည်။

အဆိုပါ ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန သုတေသနဆိုင်ရာအရည် အသွေးမြှင့်သင်တန်းကို ဖေဖော်ဝါရီ ၂၆ ရက်မှ ရက်သတ္တ နှစ်ပတ်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်