Jul 17, 2024
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင်သည် တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာတော့မည့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM) ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Mr. Dragan Aleksoski ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
Jul 17, 2024
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာအဘ်ဟေးတာကူးရ်ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Jul 17, 2024
ယွင်ထရန်းဟွအုပ်စု ကုမ္ပဏီလီမိတက်က ချီးမြှင့်ထောက်ပံ့သည့် ပညာသင်ဆုချီးမြှင့်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
Jul 17, 2024
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာတော့မည့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM) ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ Mr. Dragan Aleksoski ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Jul 17, 2024
ပါကစ္စတန် အစ္စလာမ်မစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်း ခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီးဦးဝဏ္ဏဟန်သည် ၎င်း၏ခန့်အပ်လွှာကို ဇူလိုင် ၁၅ ရက်က အစ္စလာမာဘတ်မြို့၌ ပါကစ္စတန် အစ္စလာမ်မစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အဇစ်အလီဇာဒါရီထံသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
Jul 17, 2024
ဂျီနီဗာမြို့တွင် ၂၀၂၄ ခုနှစ် ဇွန်လ ၁၈ ရက်နေ့မှ ဇူလိုင်လ ၁၂ ရက်နေ့အထိ ကျင်းပခဲ့သည့် လူ့အခွင့်အရေးကောင်စီ၏ (၅၆)ကြိမ်မြောက် အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံဆိုင်ရာ ဆွေးနွေးပွဲများကို သက်ဆိုင်ရာနိုင်ငံမပါဝင်ဘဲ ကျင်းပခဲ့ပြီး အစည်းအဝေးမှ မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ်စွပ်စွဲ ဆုံးဖြတ်အတည်ပြုချက်များသည် အပြုသဘောမဆောင်သည့် ဘက်လိုက်ဆောင်ရွက်ချက်များဖြစ်၍ မြန်မာနိုင်ငံအနေဖြင့် အသိအမှတ်မပြု ကန့်ကွက်ရှုတ်ချခဲ့ပါသည်။
Jul 17, 2024
အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံအဖို့ ကမ္ဘာ့အလယ်တွင် အခြားနိုင်ငံများနှင့်တန်းတူရည်တူ ရင်ပေါင်တန်းနိုင်ရန် အားရှိဖို့လိုသည်။ နိုင်ငံတစ်နိုင်ငံ၏ အားဆိုသည်မှာ နိုင်ငံရေး၊ စီးပွားရေးနှင့်ကာကွယ်ရေးအားများကို ပေါင်းစုထားခြင်းပင်ဖြစ်ပြီး နိုင်ငံတိုင်းရှိ နိုင်ငံသားတိုင်းက မိမိတို့နိုင်ငံအင်အား ခိုင်မာတောင့်တင်းစေရန် စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ် ကြိုးပမ်းဆောင်ရွက်ကြရခြင်းဖြစ်သည်။
Jul 16, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၄ ခုနှစ်၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပရိဝုဏ်တော်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညိုပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
Jul 16, 2024
ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ မြင့်တက်ကာ ပြည်ခရိုင်၊ ရွှေတောင်မြို့ပေါ်ရှိ၊ ကြာနီကန်ရပ်ကွက်၊ ယွန်းတန်းရပ်ကွက်နှင့် သရက်တောရပ်ကွက်များအတွင်းသို့ မြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် ဒေသခံပြည်သူများသည် ကြာနီကန်ရပ်ကွက်၊ ရွှေမျက်မှန်ဘုရားဝင်း အတွင်းရှိဓမ္မာရုံ၌ ခေတ္တပြောင်းရွှေ့နေထိုင်လျက်ရှိသည်။
Jul 16, 2024
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ဇူလိုင်လ ၁၃ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် လာပို့ကျေးရွာမှ ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တစ်ဖက်သတ်စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။