Jul 17, 2024
မြန်မာ-ရုရှား စစ်ဘက်ကျန်းမာရေးစောင့်ရှောက်မှုအတွေ့အကြုံဖလှယ်ခြင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမှတ် (၂) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) ၌ ကျင်းပပြုလုပ်ရာ မြန်မာ့တပ်မတော်မှ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကိုကိုလွင်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ ပင်မတပ်မတော်ဆေးဘက်ဆိုင်ရာညွှန်ကြားမှုဦးစီးဌာနမှ Major General Denis Vladimirovich DAYDOV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
Jul 17, 2024
၂၀၂၄ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို၍ ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းသည်။
Jul 17, 2024
ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေ လေ့လာဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှ ရရှိသော အသိပညာ ဗဟုသုတများကို ပြန်လည်အသုံးချမျှဝေပေးနိုင်ရန်၊ ကျောင်းသား၊ကျောင်းသူများ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် ကို ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
Jul 17, 2024
ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေကြီးမြင့်မှုကြောင့် ရေကြီးရေလျှံမှု များဖြစ်ပေါ်ခဲ့သဖြင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည် ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၁၆ ရက် နံနက် ၈ နာရီခွဲက မြစ်ကြီးနားတက္ကသိုလ် ရေဘေးသင့် ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအား တွေ့ဆုံအားပေးထောက်ပံ့သည်။
Jul 17, 2024
မန္တလေး အမရပူရမြို့နယ်ရှိ တောင်သမန်အင်း (ဦးပိန်တံတား)တွင် ဇူလိုင် ၅ ရက်ခန့်မှစ၍ အင်းရေတဖြည်းဖြည်းတိုးလာရာ ဇူလိုင် ၁၅ ရက်တွင် တံတားကြမ်းခင်းလူလျှောက်လမ်းနှင့် တစ်ပေခန့်အလို၌ အင်းရေရောက်ရှိနေပြီး ငှက်လှေစီးသူနှင့်အင်းရေကြည့်ရန် လာရောက်သူများပြားနေကြောင်း တောင်သမန်ငှက်လှေအသင်းမှ ဦးစိုးဝင်းက ပြောသည်။
Jul 17, 2024
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်စေရေးနှင့် စာဖတ်ရှိန်မြှင့်တင်စေရေး ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်နှင့် အောင်ပန်းတိုင်ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းစီစဉ် ကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်၉နာရီက ပြင်ဦးလွင်မြို့ အောင်ပန်းတိုင် ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပသည်။
Jul 17, 2024
ကျောင်းသားကျောင်းသူလူငယ်များ ကျောင်းစာအပြင် စာပေဗဟုသုတနှင့် ပြည့်စုံပြီး အသိပညာ မြင့်မားစေရေး ကျောင်းသားလူငယ်များအတွင်း ကျောင်းစာကြည့်တိုက်အသုံးပြုသည့် ယဉ်ကျေးမှု ထွန်းကာလာစေရေးနှင့် ဗလငါးတန်နှင့် ပြည့်ဝသည့် လူငယ်များ ဖြစ်လာစေရန်အတွက် ကရင်ပြည်နယ် ဘားအံမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဇူလိုင်လ(၁၅)ရက်နေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ပွဲတော်တွင် ပါဝင်ဆင်နွှဲခဲ့သူများ၏ ရင်တွင်းစကားသံများအား ဖော်ပြပေးလိုက်ပါသည်။
Jul 17, 2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီက ကြီးမှူး၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုကို ယမန်နေ့နံနက် ၁၀ နာရီက အောင်လံမြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။
Jul 17, 2024
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ လက္ခဏာများဖြင့် လူနာအချို့ ဆေးရုံတက်ရောက်မှုများနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ အနီးကပ်ကြီးကြပ်ပံ့ပိုးမှုနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်ပံ့ပိုးမှုတို့ဖြင့် ကွင်းဆင်းအဖွဲ့များသည် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ (၁၅-၇-၂၀၂၄) ရက်နေ့၊ ညနေ (၆:၀၀)နာရီမှ (၁၆-၇-၂၀၂၄) ရက်နေ့၊ ညနေ (၆:၀၀) နာရီ အထိ (၂၄) နာရီအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ လူနာသစ် (၇၄) ဦးရှိခဲ့ပြီး ၎င်းတို့အနက် (၅) ဦးမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူလူနာများဖြစ်ကြောင်းနှင့် လူနာအားလုံး၏ အခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိကြောင်း တွေ့ရှိရပါသည်။
Jul 17, 2024
ယောက်ျားတစ်ယောက်ဖြစ်တဲ့ ကျွန်တော်ဟာ စစ်သားဖြစ်ဖို့ ကြိုးစားခဲ့ပေမယ့် မျက်စိစမ်းသပ်တဲ့ ဆေးဘုတ်မှာကျခဲ့လို့ စစ်သားတစ်ယောက်မဖြစ်ခဲ့ပါဘူး။ ကျွန်တော်ဟာ ဟိုးငယ်စဉ် စစ်တိုက်တမ်း ဆော့ကစားတဲ့အရွယ်ကတည်းက စစ်သားဖြစ်ချင်ခဲ့တာပါ။ အိမ်နားမှာ စစ်သားတွေ လုံခြုံရေးတာဝန်ထမ်းဆောင်ဖို့ ရောက်လာတိုင်း သူတို့စစ်ဝတ်စုံတွေ ဝတ်ကြည့်၊ စစ်လက်နက်တွေ ကိုင်ကြည့်နဲ့ သိပ်အားကျမိပါတယ်။