နေပြည်တော် မတ် ၃
မော်လမြိုင်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ညပိုင်းအချိန်များ၌ လူငယ်များကို အကြောင်းအမျိုးမျိုးပြဖမ်းဆီးပြီး စစ်သားစုဆောင်းမှုများ လုပ်ဆောင်နေကြောင်း မဟုတ်မမှန် သတင်းမှားများ ကို လူမှုကွန်ရက်ပေါ်တွင် ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့် ပတ်သက်၍ ပြည်သူများ အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် လိုအပ်သော စစ်ဆေးခြင်းများကို လုံခြုံရေးပူးပေါင်းအဖွဲ့များဖြင့် အခါအားလျော်စွာ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး အဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်း၊ စစ်သားစုဆောင်းခြင်းများ မရှိကြောင်းနှင့် ကောလာဟလသတင်းအမှားသာဖြစ်ကြောင်း သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့် အချက်အလက်များကို အများပြည်သူ သိရှိနိုင်ရေးအတွက် နိုင်ငံပိုင်မီဒီယာများအပါအဝင် မီဒီယာပေါင်းစုံဖြင့် ထုတ်လွှင့်ဖော်ပြပေးမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာဌာနများမှ အသိပညာပေး ဆောင်ရွက်နေမှုများ အပေါ် အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများက ပြည်သူလူထု အထင်အမြင်လွဲမှားအောင် မဟုတ်မမှန်သတင်းများကို အချိန်ကိုက်ဝါဒဖြန့်ဆောင်ရွက် နေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်