Aug 11, 2024
ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)ရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးတပ်နယ်ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
Aug 11, 2024
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့နံနက်ပိုင်းတွင် ကော့သောင်းမြို့ရှိ မလိဝမ်းရွှေဖြူ ရော်ဘာစက်ရုံသို့ ရောက်ရှိပြီး စက်ရုံတာဝန်ရှိသူက ရော်ဘာစေးမှ မှိုင်းခံရော်ဘာပြား (Ribbed Smoked Sheet - RSS) ရော်ဘာကုန်ကြမ်းထုတ်လုပ်နေမှုအဆင့်ဆင့်ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ရော်ဘာစေးအထွက်တိုးအောင် ဆောင်ရွက်ရန်၊ မှိုင်းခံရော်ဘာပြားများ ပိုမိုထုတ်လုပ်နိုင်ရေးအတွက် စက်စွမ်းအားပြည့် အသုံးပြုထုတ်လုပ်ရန်၊ ပြည်ပနိုင်ငံများသို့ ရော်ဘာများ ပိုမိုတင်ပို့နိုင်ရေးဆောင်ရွက်ရန်၊ ကုန်သွယ်မှုလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရန် မှာကြားသည်။
Aug 11, 2024
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်များက စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။
Aug 11, 2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Aug 11, 2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများတွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
Aug 11, 2024
ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) ခိုလမ်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား သွားရောက်ကြည့်ရှုအားပေးစကား ပြောကြားသည်။
Aug 11, 2024
ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ခန့်အပ်တာဝန်ပေး
Aug 11, 2024
၁။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ငွေကြေးတည်ငြိမ်ရေးတို့ကို မလိုလားသည့် NUGGETS Viber Group အပါအဝင် အဖျက်သမားများသည် နိုင်ငံခြားငွေလဲလှယ်နှုန်း ကမောက်ကမဖြစ်စေလိုသည့် ရည်ရွယ်ချက်များ၊ ဈေးကစားလိုသည့်ရည်ရွယ်ချက်များစသည်ဖြင့် ၎င်းတို့၏ အကျိုးစီးပွားအတွက် နိုင်ငံခြားငွေဈေးနှုန်းများသတ်မှတ်ခြင်း၊ တရားမဝင်ရောင်းဝယ်နေခြင်းများ ဆောင်ရွက်နေကြောင်း တွေ့ရှိရ၍ ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် (၉-၈-၂၀၂၄) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
Aug 11, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ ကူဘင်ကာဒေသတွင် (၁၀) ကြိမ်မြောက် ကျင်းပပြုလုပ်သည့် နိုင်ငံတကာစစ်ဘက်နည်းပညာဖိုရမ် (10th International Military-Technical Forum (Army-2024) သို့ တက်ရောက်ရန်အတွက် ယနေ့ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသည်။
Aug 11, 2024
(၁၆)ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၏ ဒုတိယနေ့ကို ဩဂုတ် ၉ ရက်တွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့ National Convention Center ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများနှင့် ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ အမေရိကန်နိုင်ငံတို့မှ ကျန်းမာရေးဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။