Skip to main content

၂၀၂၄ ခုနှစ် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား ဖူဆယ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် တက်ရောက်ချီးမြှင့်

နေပြည်တော် ဩဂုတ် ၃၀

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့မွန်းလွဲပိုင်းက ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဖူဆယ်အားကစားရုံ၌ ကျင်းပသည့် ၂၀၂၄ ခုနှစ် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲပွဲစဉ်အဖြစ် ဝန်ကြီးရုံးအသင်းနှင့် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးသည်။

အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဖူဆယ်ပြိုင်ပွဲကျင်းပရခြင်းသည် မြန်မာ့ဖူဆယ်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ ဝန်ထမ်းများအချင်းချင်း သွေးစည်းညီညွတ်မှုရှိပြီး ပြည်ထောင်စုစိတ်ဓာတ် ပိုမိုထွန်းကားပြန့်ပွားစေရေးနှင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်မှုရှိစေရေးအတွက် ရည်ရွယ်၍ ကျင်းပပေးခြင်းဖြစ်ပါကြောင်း။

ယခုဖူဆယ်အားကစားပြိုင်ပွဲတွင် ဝန်ကြီးရုံးနှင့် ဦးစီးဌာနလေးခုရှိ ပြိုင်ပွဲဝင်အသင်း ခုနစ်သင်းတို့မှ အားကစားသမားဝန်ထမ်းများက အားကစားစိတ်ဓာတ်ကို အရင်းခံ၍ တရားသောယှဉ်ပြိုင်ခြင်းဖြင့် စိတ်အားတက်ကြွစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြမှုကို အလွန်ပင်ဝမ်းမြောက်မိပါကြောင်းနှင့် အားကစားပြိုင်ပွဲများကို ပုံမှန်ကျင်းပနိုင်ရေး ဖြစ်မြောက်အောင် တတ်အားသရွေ့ တာဝန်ရှိသူများအနေဖြင့် အဘက်ဘက်က ဝိုင်းဝန်းကူညီပံ့ပိုးပေးကြရန်နှင့် နိုင်ငံ့ဝန်ထမ်းအားကစားများအနေဖြင့် ဝန်ကြီးဌာနအဆင့်ပြိုင်ပွဲများမှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားဖြစ်ရန် ဆက်လက်ကြိုးစား၍ နိုင်ငံနှင့် လူမျိုးဂုဏ်သိက္ခာကို မြှင့်တင်ဆောင်ရွက်သွားကြရန် ပြောကြားသည်။

ထို့နောက် ပြိုင်ပွဲတွင် တတိယဆုရရှိသည့် အသင်းကို လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်ကလည်းကောင်း၊ ဒုတိယဆုရရှိသည့် အသင်းကို အမြဲတမ်းအတွင်းဝန်ကလည်းကောင်း၊ ပထမဆုရရှိသည့်အသင်းကို ပြည်ထောင်စုဝန်ကြီးကလည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။                

သတင်းစဉ်