Skip to main content

သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ လက်တွေ့ကွင်းဆင်းဆောင်ရွက်

မန္တလေး ဩဂုတ် ၃၀

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးတိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းမှ သင်တန်းသားများ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ လက်တွေ့ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက် အကွက် (၅၂) ၁၀ လမ်းနှင့် ၁၁လမ်းကြား ၇၄ လမ်းနှင့် ၇၅ လမ်းကြားအတွင်း၌ ဆောင်ရွက်ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လွင်ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းထွဋ်အောင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဦးခိုင်နှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဒေါ်ယုမွန်ကျော်တို့က ဦးဆောင်၍ သန်းခေါင်စာရင်းကောက်ယူရေး တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းမှ သင်တန်းသား ၃၀ တို့နှင့်အတူ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းအား လက်တွေ့ကွင်းဆင်းဆောင်ရွက်ကြသည်။

အဆိုပါ ကွင်းဆင်းကောက်ယူရာသို့ မန္တလေးတိုင်းဒေသကြီး သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစိုးလွင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

သတင်းစဉ်