နေပြည်တော် အောက်တိုဘာ ၉
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်တွင် ယာခင်းထဲ အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီး ငါးဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများကို ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။
အဆိုပါသတင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်း ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မြိုင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်လျက်ရှိပြီး ဒေသခံပြည်သူများအား မည်သည့်အကြောင်းနှင့်မျှ ဥပဒေမဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်း မရှိကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို အားပေးထောက်ခံမှုမရှိသူများအား ဥပဒေမဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ သတ်ပစ်ခြင်းများ လုပ်ဆောင်လျက်ရှိရာ တရားမဝင်ပြည်ဖျက်မီဒီယာများက နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင် လွဲမှားစေရန်အတွက် ယခုကဲ့သို့ သတင်းအမှားများဖြင့် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်