Skip to main content

Nov 13, 2024

ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မာရဝိဇယဗုဒ္ဓဥယျာဉ် ဝတ္ထု ကံတော်အတွင်းရှိ မာရဝိဇယကျောင်းတော် ၂၀၂၄ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ မာရဝိဇယကျောင်းတော်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ဖတ်ရှုရန်

Nov 13, 2024

အမျိုးသားရေဥပဒေ စတုတ္ထမူကြမ်းအား ဆွေးနွေးတည်းဖြတ်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးရန် အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီ၏ (၃/၂၀၂၄) ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 13, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Nov 13, 2024

ရှမ်းပြည်နယ် (တောင်ပိုင်း) ခိုလမ်မြို့ရှိ သီရိမင်္ဂလာကျောင်းတိုက်၌ တည်ဆောက်မည့် ဗုဒ္ဓကောလိပ်ငါးထပ်ကျောင်းဆောင်သစ် အလှူငွေလှူဒါန်းခြင်းနှင့် ခိုလမ်မြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆန်၊ ဆီ၊ ကုလားပဲ၊ ကြက်ဥများ လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ခိုလမ်မြို့ရှိ သီရိမင်္ဂလာကျောင်းတိုက်၌ ပြုလုပ်ရာ ခိုလမ်မြို့ သီရိမင်္ဂလာကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တပညာသီရိအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 13, 2024

မြန်မာနိုင်ငံစာရင်းကောင်စီက ကြီးမှူး၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း (နေပြည်တော်) ၌ ဖွင့်လှစ်သည့် နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများ ဒီပလိုမာသင်တန်းအမှတ်စဉ်(၁) အပိုင်း(၃) (Diploma in IPSAS ၊ Batch-I၊ Level-III) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 13, 2024

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ မိတ်ဆုံစားပွဲကို ယနေ့မွန်းလွဲပိုင်းက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးနှင့် ဝန်ကြီးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 13, 2024

ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ် သမဝါယမအသင်းစု လီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲကို နိုဝင်ဘာ ၉ ရက်က ဒက္ခိဏသီရိမြို့နယ် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 13, 2024

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းကျင်းပသော ဧရာဝတီတိုင်းဒေသကြီးအတွက် ကြက်ခြေနီအသိပညာပြန့်ပွားရေးအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲကို ယမန်နေ့က ရန်ကုန်မြို့ Summit Parkview Hotel ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 13, 2024

နေပြည်တော်ကောင်စီနယ်မြေ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များတွင် ၂၀၂၃ ခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော လူထုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ပြန်လည်ဆန်းစစ်ရန်အတွက် ဗဟိုအဆင့် လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 13, 2024

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့အခြေစိုက် ငြိမ်းချမ်းရေးတက္ကသိုလ် (University for Peace-UPEACE) တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းနှင့် ယဉ်ကျေးမှုကွဲပြားခြားနားခြင်းဆိုင်ရာသင်တန်း (Training on Peaceful Coexistence and Cultural Diversity) ကို နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်၌ နိုဝင်ဘာ ၁၁ ရက်မှ ၁၂ ရက်အထိ ဖွင့်လှစ်ခဲ့သည်။ အဆိုပါ သင်တန်းသို့ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အခြားသက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆက်စပ်အဖွဲ့အစည်းများမှ အလယ်အလတ်အဆင့် အရာထမ်း ၃၀ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်