Skip to main content

အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၅ ခုနှစ် တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော် မေ ၂၀

အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၅ ခုနှစ် တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်စက်ပစ်ကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

ဂုဏ်ပြုဆုများ ပေးအပ်

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး မိုးပျံပူဖောင်းကို ပစ္စတိုဖြင့် ပစ်ဖောက်ကာ ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပစ္စတိုပွဲစဉ် အမျိုးသမီးအသင်းနှင့် ကာဘိုင်ပွဲစဉ် အမျိုးသားအသင်းတို့၏ သရုပ်ပြပစ်ခတ်မှုများကို ကြည့်ရှုအားပေးကြပြီး တိုင်းမှူးက သရုပ်ပြပစ်ခတ်သည့် အသင်းတို့အား ချီးမြှင့်ငွေနှင့် ဂုဏ်ပြုဆုများ ပေးအပ်သည်။

အဆိုပါ သေနတ်ပစ်ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးမှ ပြိုင်ပွဲဝင် အသင်း ၁၀ သင်းတို့ဖြင့် မေ ၂၆ ရက်အထိ ယှဉ်ပြိုင်ပစ်ခတ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်