မန္တလေး မေ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ပျက်စီးသွားသော အဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရာတွင် လိုအပ်လျက်ရှိသော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများကို ယနေ့တွင် စက်ရုံထုတ်အထူးဈေးနှုန်းဖြင့် စဉ့်ကိုင်မြို့နယ်၊ ဆီဆိုင်ကျေးရွာ၌ ပြည်သူများလက်ဝယ်သို့ ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိသည်။