Skip to main content

ဒုတိယဝန်ကြီး ဦးဝင်းဖေ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်- မန္တလေးလမ်းပိုင်း)ပေါ်ရှိ တိုးဂိတ်များ လမ်းအသုံးပြုခကောက်ခံမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၂၃

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး (နေပြည်တော်-မန္တလေးလမ်းပိုင်း)ပေါ်ရှိ တိုးဂိတ်များမှ လမ်းအသုံးပြုခကောက်ခံနေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ   ဒုတိယဝန်ကြီးသည် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-မန္တလေးလမ်းပိုင်း)ပေါ်ရှိ လမ်းအသုံးပြုခကောက်ခံလျက်ရှိသော ပန်းတင်မီနီတိုးဂိတ်၊ ပေပင်လေးမီနီတိုးဂိတ်နှင့် သီးကုန်းတိုးဂိတ်သို့ ရောက်ရှိပြီးတိုးဂိတ်မှ CCTV ကင်မရာ၊ ကွန်ပျူတာစနစ်ဖြင့် လမ်းအသုံးပြုခကောက်ခံနေမှု၊ လျှပ်စစ်မီးပြတ်တောက်မှု မရှိစေရေးအတွက် ဆိုလာစနစ်ဖြင့် ဆောင်ရွက်ထားရှိမှု၊ နေ့စဉ်ကောက်ခံရရှိမှုအား ဘဏ္ဍာရေးနှစ်အလိုက် စာရင်းပြုစုထားရှိမှု၊ တိုးဂိတ်အဆောက်အအုံနှင့် ဝန်းကျင်သန့်ရှင်းသပ်ရပ်မှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး တိုးဂိတ်ဝန်ထမ်းများ ဝင်ငွေ/ထွက်ငွေနှင့်အညီ စနစ်တကျ နေထိုင်စားသောက်နိုင်ရေးနှင့် သက်သာချောင်ချိရေးကိစ္စရပ်များကို တိုးဂိတ်အလိုက်တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးရန်၊ တိုးဂိတ်မှတာဝန်ခံနှင့် ဝန်ထမ်းများသည် ရုံးချုပ်မှ ထုတ်ပြန်ထားသောအမိန့်နှင့် ညွှန်ကြားချက်များကို အခါအားလျော်စွာ လာရောက်စစ်ဆေးသည့် အထက်အကြီးအကဲများ၏ လမ်းညွှန်မှာကြားချက်များကို မှတ်တမ်းထားရှိပြီး လိုက်နာဆောင်ရွက်ရန်၊ တိုးဂိတ်အဆောက်အအုံများ သစ်လွင်တောက်ပစေရေးနှင့် ဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ရန်လိုကြောင်း မှာကြားသည်။

ညနေပိုင်းတွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၅၂/၁)ရှိ စကားအင်းတိုးဂိတ်သို့ ရောက်ရှိကြည့်ရှု စစ်ဆေးကာတိုးဂိတ်ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်