နေပြည်တော် မေ ၂၄
လေ့လာရေးခရီး သွားရောက်ခဲ့ကြသည့် ရေကြောင်းလူငယ် အခြေခံ/တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်း၊ မော်လမြိုင်သင်တန်းစခန်းမှ သင်တန်းသား သင်တန်းသူများ၊ နည်းပြနှင့် ကြီးကြပ်သူများအား ဂုဏ်ပြုကြိုဆိုပွဲကို ယနေ့မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့ မောရဝတီရေတပ်စခန်းဌာနချုပ်၌ ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် ကြီးကြပ်သူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားပြီး သင်တန်းတွင် ဆုရရှိကြသူများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ရာ သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုရရှိသည့် သင်တန်းသား သင်တန်းသူများ၏ လက်တွေ့သရုပ်ပြသမှုများကို ကြည့်ရှုအားပေးကြပြီး သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
အလားတူ လေ့လာရေးခရီးမှ ပြန်လည်ရောက်ရှိလာသည့် လေကြောင်းလူငယ် အခြေခံ/တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) မှ သင်တန်းသား သင်တန်းသူများ၊ နည်းပြနှင့် ကြီးကြပ်သူများအား ဂုဏ်ပြုကြိုဆိုပွဲကို မော်လမြိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း (ရွှေနတ်တောင်) ၌ ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် ကြီးကြပ်သူများ၊ သင်တန်း သား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားပြီး သင်တန်းတွင် ဆုရရှိကြသူများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ရာ သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
ထို့အပြင် လေ့လာရေးခရီးသွားရောက်ရာမှ ယနေ့မွန်းလွဲပိုင်းတွင် ပြန်လည်ရောက်ရှိခဲ့သည့် ပုသိမ်လေတပ်စခန်းဌာနချုပ် အခြေခံလေကြောင်း လူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၅) မှ သင်တန်းသား သင်တန်းသူများအား အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးကျော်ထက်နှင့် တာဝန်ရှိသူများက သွားရောက်ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်