Skip to main content

Nov 22, 2024

ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ‌တော်တွင် မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်လုံး အားထုတ်ရေးသားပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ် ပြုသောအားဖြင့် စာပေပညာရှင် ဆရာကြီး ဒေါက်တာမင်းတင်မွန် (ပါရဂူမင်းနန္ဒာ)၊ စာပေပညာရှင် ဆရာကြီး ဒေါက်တာတိုးလှ၊ စာပေပညာရှင် ဆရာကြီး ဦးညွန့်ဆွေ (မောင်ဆွေသက်)၊ စာပေပညာရှင် ဆရာကြီး ဦးသန်းဆွေ (မောင်သန်းဆွေ-ထားဝယ်)၊ စာပေပညာရှင် ဆရာကြီး ဒေါက်တာကျော်ဝင်း (သမိုင်း) နှင့် စာပေပညာရှင် ဆရာကြီး ဦးညွန့်တင်(မောင်ငြိမ်းသူ-ကြို့ပင်ကောက်)တို့အား ၂ဝ၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုရှင်များအဖြစ် ရွေးချယ်ချီးမြှင့်လိုက်ကြောင်း‌ ကြေညာသည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2024

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့အခြေစိုက် ကမ္ဘာလုံး ဆိုင်ရာရန်ပုံငွေအဖွဲ့မှ Senior Fund Portfolio Manager - Ms. Maria Izaskun Gaviria Ayucar နှင့် အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2024

သမဝါယမအသင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း) ပြဋ္ဌာန်းနိုင်ရေးအတွက် အပြီးသတ်ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2024

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် ယူနန်ပြည်နယ် မန်စီမြို့မှ မြန်မာနိုင်ငံနယ်စပ် ရွှေလီမြို့သို့ သွားရောက်၍ ရွှေလီမြို့ ကြယ်ဂေါင်လူဝင်မှုစစ်ဆေးရေးဂိတ် လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုလေ့လာသည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2024

ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ (၄/၂၀၂၄) အစည်းအဝေးကို ယနေ့မွန်းလွဲ ၃ နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၆) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2024

မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးနှစ် (၁၀၀) ပြည့် ရာပြည့်သဘင်အခမ်းအနားကို ယနေ့တွင် Naypyitaw State Polytechnic University ၌ ကျင်းပရာ မွန်းလွဲပိုင်းတွင် Engineering Education and Technology Forum ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုလွှတ်တော်ရုံး၊ ဥပဒေပြုဌာနကြီးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဟိန်းကို ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2024

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးတွေ့ရှိချက်များကို ပြည်တွင်း၊ ပြည်ပမှ ကျယ်ကျယ်ပြန့်ပြန့် လေ့လာလိုသူများအနေဖြင့် Website နှင့် Mobile Application တို့တွင် နိုဝင်ဘာလ ၂၂ ရက်နေ့ (ယနေ့) မှစ၍ လေ့လာဖတ်ရှုနိုင်ပြီဖြစ်သည်။ ရွေးကောက်ပွဲဟူသည် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ၏ ရွေးကောက်ပွဲရလဒ်ကို အဆုံးအဖြတ်ပေးသော အရေးကြီးသည့်အခင်းအကျင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2024

ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ယာဉ်တိုက်မှုသုံးမှု အတွင်း လူငါးဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့သည့် သတင်းများကို ဖတ်ရှုလိုက်ရသည်။ ယာဉ်တိုက်မှုဟု ဆိုရာတွင် ဖြစ်စဉ်နှစ်ခုမှာ မော်တော်ဆိုင်ကယ်တိုက်မှုဖြစ်၍ ကျန်တစ်မှုမှာ လူများတင်ဆောင်မောင်းနှင်လာသော အရှိန်မထိန်းနိုင်သည့်ကားက လမ်းဘေးတွင် ရပ်ထားသည့်ကားကို နောက်မှဝင်တိုက်မိခြင်းဖြစ်ပြီး သေဆုံးသူသုံးဦးနှင့် ဒဏ်ရာရသူ ၁၀ ဦးအထိ ရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2024

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၅ နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကျီကုန်းကျေးရွာလမ်းဆုံတွင် ကလေးဝမှ ကလေးဘက်သို့ စိန်လွင်မောင်းနှင်ပြီး ချစ်စန်းကို လိုက်ပါလာသည့် FUSO ၁၂ ဘီးယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ ကုန်ပစ္စည်းများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဘိန်းဖြူ ၅၀ ဒသမ ၆ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့တွင် မန္တလေးမှ ကလေးမြို့သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချခဲ့ကြသည့် မြင့်နိုင်ဦး (ခ) မောင်စိုးနှင့် ဇော်ဝင်းထွန်း (ခ) နိုင်ဝင်းထွန်း (ခ) နားကားတို့အား မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်ရှိ နေအိမ်တွင်လည်းကောင်း၊ ဘရန်မွန်း (ခ) ဇော်တန်အား မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၁) ရပ်ကွက်တွင်လည်းကောင်း၊ ရန်နိုင်အား မဟာအောင်မြေမြို့နယ်၊ စင်္ကြာနွယ်စဉ်ရပ်ကွက်တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီအချိန် အဆိုပါမူးယစ်ဆေးဝါးများအား ကလေးမြို့တွင် လက်ခံသိုလှောင်၍ မြန်မာ-အိန္ဒိယနယ်စပ်သို့ တင်ပို့ရောင်းချသူများဖြစ်ကြသည့် လားထန်ဦးယာအား ကလေးမြို့၊ တာဟန်းရပ်ကွက် နယ်မြေ (၁၀) တွင် တစ်ဖက်နိုင်ငံမှ တရားမဝင်တင်သွင်းခဲ့သည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၃ တန်နှင့်လည်းကောင်း၊ သောက်နယ်လွယ် (ခ) ပုသောက်အား ကလေးမြို့၊ တာဟန်းရပ်ကွက်၊ နယ်မြေ (၁၃) ရှိ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၅၁ သန်း၊ အိုက်စ် (မက်အဖက်တမင်း) ၄၁၂ ကီလို၊ ဘိန်းဖြူ သုညဒသမ ၄၃ ကီလိုနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊

ဆက်လက်ဖတ်ရှုရန်