Skip to main content

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

နေပြည်တော် ဇွန် ၉

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၅ ခုနှစ် တိုင်းမှူးဒိုင်း (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားခန်းမ၌ပြုလုပ်ရာ တိုင်းမှူးဗိုလ်ချုပ်ဇော်မင်းလတ်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဒိုင်အဖွဲ့ဝင်များနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ကြည့်ရှုအားပေး

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အဖွင့်ပွဲစဉ်များဖြစ်သည့် တောင်ကြီးတပ်နယ် (နယ်မြေ-၁) အမျိုးသားအသင်းနှင့် တောင်ကြီးတပ်နယ် (နယ်မြေ-၂) အမျိုးသားအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများနှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (စခန်းရုံး) အမျိုးသမီးအသင်းနှင့် ဟိုပုံးတပ်နယ်အမျိုးသမီးအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။

ယှဉ်ပြိုင်ကစားသွားမည်

အဆိုပါ ဘော်လီဘောပြိုင်ပွဲကို ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁၀ သင်း၊ အမျိုးသမီးအသင်း ၁၀ သင်းတို့ဖြင့် ဇွန် ၁၆ ရက်အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်