Skip to main content

Nov 23, 2024

ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပသည့် (၂၅)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး (25th ASEAN Chiefs of Army Multilateral Meeting – 25th ACAMM) သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကိုယ်စားတက်ရောက်ရန်အတွက် ဖိလစ်ပိုင်နိုင်ငံ Mabalacat မြို့သို့ရောက်ရှိနေသည့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် Mabalacat မြို့ရှိ Hilton Clark Sun Valley Resort ၌ ကျင်းပသည့် (၂၅) ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များအစည်းအဝေးသို့ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2024

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ အဋ္ဌာရသမအစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2024

(၂၃) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ တွင် ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံကို ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2024

အားလုံးမင်္ဂလာပါ။ မြန်မာ့ တိုင်းရင်းဆေးသမားတော်များညီလာခံနဲ့ မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို တက်ရောက်လာကြတဲ့ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက မြန်မာ့တိုင်းရင်းဆေးသမားတော်ကြီးများ၊ ဆက်စပ်နှီးနွှယ်ပညာရှင်များ၊ ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံနိုင်ကြပါစေ၊ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နဲ့ ပြည့်စုံကြပါစေ၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ဆေးပညာကို မြတ်နိုးတန်ဖိုးထားထိန်းသိမ်းမြှင့်တင်နိုင်သူများ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလျက် ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2024

မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေးနှစ်(၁၀၀)ပြည့် ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲအထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် အဆိုပါတက္ကသိုလ်၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2024

​​​​​​​နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နိုဝင်ဘာလ ၁၉ ရက်နေ့က ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးတွင် “မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံဖွံဖြိုးတိုးတက်ရေး စီးပွားရေးအားကောင်းမွန်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတိုးတက်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်စေရေးအတွက် အချက်သုံးချက်ဖြစ်သည့် ပန်းတိုင်အထွက်နှုန်းပြည့်မီရေး၊ သီးထပ်စွမ်းအားမြှင့်တင်ရေး၊ စိုက်ဧကတိုးချဲ့ရေးကို အလေးထား ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2024

​​​​​​​မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့် နိုင်ငံများစာရင်း၌ဝင်၍ ကမ္ဘာ့နိုင်ငံများစွာတို့၏နောက်တွင် ကျရောက်နေသည်မှာ ပကတိအရှိတရားပင်ဖြစ်သည်။ ယင်းသို့ဖြစ်ရခြင်း၏ အကြောင်းအရင်းကို အဖြေရှာလျှင် ကိုလိုနီဘဝမှလွတ်မြောက်ပြီးနောက် လွတ်လပ်သည့်နိုင်ငံဘဝတွင် အမျိုးသားစည်းလုံးညီညွတ်ရေး ပြိုကွဲခဲ့ခြင်း၊ ငြိမ်းချမ်းမှုမရှိခြင်းတို့ကြောင့်ဟူသည့် အဖြေကိုတွေ့ရှိနိုင်သည်။ ယနေ့ကမ္ဘာ့ထိပ်တန်းစာရင်းဝင်နေသည့် နိုင်ငံများကို လေ့လာမည်ဆိုလျှင် လူမျိုး၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှု မတူညီကြသူများ အတူတကွစည်းလုံးညီညွတ်စွာလက်တွဲ၍ နိုင်ငံကိုဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်ခဲ့ကြခြင်းကြောင့် ဖြစ်သည်ကိုလည်း တွေ့ရှိနိုင်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2024

​​​​​​​စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ စီမံဆောင်ရွက်မှု၊ လိုအပ်သည့်စက်သုံးဆီဖိုး နိုင်ငံခြားသုံးငွေများကို အချိန်မီလုံလောက်စွာ ဝယ်ယူပေးချေနိုင်ရေး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ပံ့ပိုးကူညီဆောင်ရွက်ပေးမှုတို့ကြောင့် ပြည်ပမှစက်သုံးဆီတင်သင်္ဘောများ ပုံမှန်အဆက်မပြတ်ဝင်ရောက်လျက်ရှိသဖြင့် အရန်စက်သုံးဆီအပါအဝင် စက်သုံးဆီများကို ဖူလုံစွာသိုလှောင်ထားရှိနိုင်ပြီး နေ့စဉ်လုံလောက်စွာ ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ ပြည်တွင်းရောင်းဈေးနှုန်းများ ဆက်တိုက်ကျဆင်းလျက်ရှိသဖြင့် အများပြည်သူခရီးသွားလာမှု အဆင်ပြေလွယ်ကူသည့်အပြင် ကုန်စည်စီးဆင်းမှုချောမွေ့စေရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကိုလည်း များစွာအထောက်အကူပြုကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2024

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်နှင့်တန့်ဆည်မြို့နယ်ရှိကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက နိုဝင်ဘာ(၁၆)ရက်မှ (၁၉)ရက်အတွင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းအတု သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်