နေပြည်တော် ဇွန် ၉
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများနှင့်ဟင်းသီး ဟင်းရွက်များကို ပြည်ထောင်စုနယ်မြေ (နေပြည်တော်) နှင့် မန္တလေးမြို့များအတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူများသို့ မတ် ၃၀ ရက်မှစ၍ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့တွင် ၇၀ ရက်မြောက်အဖြစ် ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိသည်။
ဇွန် ၉ ရက်တွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူများသို့ ဆန်ခြောက်ပြည်ပါ (မနောသုခ- Export Quality) ၁၂ အိတ်၊ ဆန် ငါးပြည်ပါ (ဖျာပုံပေါ်ဆန်း) ၁၀ အိတ်၊ ဆီ ပိဿာ ၁၀၀၊ ဆား ငါးပိဿာ ၇၅ ကျပ်သား၊ ကုလားပဲ ၂၀ ကျပ်သားပါ အိတ် ၂၅ ထုပ်၊ ငါးပိနှစ်ပိဿာ၊ ငါးတံခွန် ၁၀ ကျပ်သားပါ ၁၀ ထုပ်၊ ငါးပုတ်သင် ၁၀ ကျပ်သားပါ ၁၀ ထုပ်၊ ငါးနီ တူခြောက် ၁၀ ကျပ်သားပါ ၁၅ ထုပ်၊ အာပဲ့ခြောက် ၁၀ ကျပ်သားပါ ၁၀ ထုပ်၊ ငါးရောင်ခြောက် ၁၀ ကျပ်သားပါ ခုနစ်ထုပ်၊ ကြက်ဥ အလုံး ၉၀၊ ဘဲဥ ၂၅ လုံး၊ ခေါက်ဆွဲခြောက် ငါးထုပ်တို့ကို ရောင်းချပေးခဲ့ကြောင်းနှင့် နေ့စဉ်ဆက်လက်ရောင်းချပေးသွားမည် ဖြစ်သည်။
အလားတူ ဇွန် ၉ ရက်တွင် မန္တလေးမြို့၌ ဆန် ၂၄ ပြည်ပါ (မနောသုခ) ၁၆ အိတ်၊ စားအုန်းဆီ ပိဿာ ၂၂၀၀၊ ဆား လေးပိဿာ၊ ကုလားပဲ ၂၅ ကျပ်သားပါ ရှစ်ထုပ်၊ ငါးပိ တစ်ပိဿာ ၅၀ ကျပ်သား၊ ငါးနီတူခြောက် ၁၀ ကျပ်သား ခုနစ်ထုပ်၊ အာပဲ့ခြောက် ၁၀ ကျပ်သား ခြောက်ထုပ်၊ ကြက်ဥအလုံး ၁၇၀၀၊ ဘဲဥ ၆၃၅ လုံးနှင့် ခေါက်ဆွဲခြောက် ၄၂ ထုပ်တို့ကို သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးခဲ့ပြီး နေ့စဉ်ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်