Skip to main content

Nov 10, 2020

ယခုအခါ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပပြီးစီးခဲ့ပေပြီ။ နိုင်ငံတော်နှင့် နိုင်ငံသားများ၏အရေးကို တာဝန်ကျေပွန်စွာ ဆောင်ရွက် ပြီးစီးခဲ့ပြီဖြစ်သော်လည်း တစ်နိုင်ငံလုံး၏ အရေးတစ်ခုဖြစ်သည့် မပြီးဆုံးသေးသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကို အားလုံးဆက်လက် ပူးပေါင်းပါဝင်ကြိုးပမ်းအားထုတ်ကြရဦးမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 10, 2020

မြန်မာနိုင်ငံ၏ ငါးနှစ်တစ်ကြိမ် ရွေးကောက်ပွဲများ ကျင်းပပြီးစီး ခဲ့ပြီးနောက် မဲများစတင် ရေတွက်နေပြီ။ အချို့သော မဲဆန္ဒနယ်တို့ရှိ မဲအနည်းအများ၊ အနိုင်အရှုံး စာရင်းများကိုလည်း ရွေးကောက်ပွဲကော်မရှင်က စတင်ကြေညာနေပြီ ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 09, 2020

(၈-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၉-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၉,၂၃၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်(၅၉၈) ဦး တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 09, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှား နိုင်ငံ၊ ထိန်းသိမ်းရေးစခန်းများတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသား (၄၅) ဦး အပါအဝင် မလေးရှားနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား စုစုပေါင်း (၁၇၆) ဦးကို ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေ ကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ ၅ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 09, 2020

ယနေ့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို တစ်နိုင်ငံလုံး၌ ကျန်းမာရေးဆိုင်ရာ စံလုပ်ငန်းလမ်းညွှန်များ နှင့်အညီ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ကျင်းပ သည်။ ထို့အတူ နေပြည်တော်ပြည်ထောင်စု နယ်မြေအတွင်း မြို့နယ် ရှစ်မြို့နယ်ရှိ သက်ဆိုင်ရာမဲရုံအသီးသီးတွင်လည်း မဲဆန္ဒရှင် ပြည်သူများ လာရောက်၍ လွတ်လပ်စွာ လျှို့ဝှက်ဆန္ဒမဲပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 09, 2020

ယနေ့ကျင်းပသည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း မြို့နယ်များရှိ မဲရုံအသီးသီးတွင် နံနက် ၆ နာရီ မဲရုံစတင် မဖွင့်မီကတည်းက မိမိတို့နိုင်ငံသား အခွင့်အ ရေး အတွက် မဲပေးလိုသူပြည်သူများ စောင့်ဆိုင်းနေကြသကဲ့သို့ မဲရုံအသီးသီးတွင် တာဝန် ထမ်းရွက်ကြမည့် မဲရုံမှူးအပါအဝင် အဖွဲ့ဝင်များသည်လည်း ကျရာကဏ္ဍမှ တာဝန်ထမ်းဆောင်ရန် အသင့်ရှိနေကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 09, 2020

ယနေ့ကျင်းပသည့် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနေ့တွင် ရန်ကုန် တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ရန်ကုန်သစ်ရပ်ကွက် အမှတ်(၇) မူလတန်းလွန်ကျောင်း တွင် ဖွင့်လှစ်ထားသည့် မဲဆန္ဒနယ် အမှတ်(၂) ရှိ မဲရုံ ၂၊ ၃၊ ၄၊ ၅ တို့တွင် နံနက် ၆ နာရီ မဲရုံစတင် မဖွင့်မီကတည်းက မိမိတို့နိုင်ငံသား အခွင့်အရေးအတွက် မဲပေးလိုသူပြည်သူများ စောင့်ဆိုင်း နေကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 09, 2020

ယနေ့ ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူဦးရေ ၅၉ သိန်းကျော်ရှိပြီး စိတ်အားထက်သန်စွာ ဆန္ဒမဲပေးခဲ့ကြကြောင်း ရန်ကုန် တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 09, 2020

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယနေ့နံနက် ၆ နာရီမှ စတင်ပြီး တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ကျင်းပခဲ့ရာ ညနေပိုင်းတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး သက်ဆိုင်ရာ မဲဆန္ဒနယ် အသီးသီး၌ ဆန္ဒမဲ လက်မှတ်များကို ရေတွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 09, 2020

မြန်မာနိုင်ငံသားတို့မျှော်လင့်နေကြသော ရွေးကောက်ပွဲကြီး ကျင်းပပြီးစီးခဲ့ပြီ။ ရွေးကောက်ပွဲကျင်းပသည့် မဲဆန္ဒနယ်တို့တွင် ပေးခဲ့သော မဲအရေအတွက် စာရင်းများကို စတင်ရေတွက်နေပြီလည်းဖြစ်၏။ ထိုမဲစာရင်း တို့၏ ရေတွက်ပြီးရလဒ်များကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မကြာမီတွင် ကြေညာ ထုတ်ပြန် တော့မည် ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်