Skip to main content

ကမ်းလွန်လုပ်ကွက်အမှတ် M-5 နှင့် M-6 တို့တွင် တွင်းတူးဖော်ရေးလုပ်ငန်းများ ဆောင် ရွက်မည်ဖြစ်ပါ၍ ရေကြောင်းသတိပေးချက်ထုတ်ပြန်

နေပြည်တော်၊ ဇန်နဝါရီ ၁၅

မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း နှင့် ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော Total E&P Myanmar ကုမ္ပဏီသည် ကမ်းလွန် လုပ်ကွက် အမှတ် M-5 နှင့် M-6 တို့တွင်  တွင်းတူးဖော်ရေးလုပ်ငန်းများကို Jack-Up Drilling Rig, COSL BOSS (Call Sign: 9V5684) ဖြင့် WP2 Platform တွင် မြောက်လတ္တီတွဒ် ၁၅  ဒီဂရီ ၀၉ မိနစ် ၀၉ ဒသမ ၅၆၇ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄၆  မိနစ် ၅၁  ဒသမ ၇၂၈ စက္ကန့်၊ WP4 Platform တွင် မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၀၉ မိနစ် ၃၇ ဒသမ ၃၃၁ စက္ကန့် ၊ အရှေ့ လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄၃ မိနစ် ၀၂ ဒသမ ၇၉၂ စက္ကန့်တို့တွင် (၁.၂.၂၀၂၁) ရက်နေ့မှ (၃၀.၆.၂၀၂၁) ရက်နေ့အထိ လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်သည်။

သို့ဖြစ်ပါ၍ (၁.၂.၂၀၂၁) ရက်နေ့မှ (၃၀.၆.၂၀၂၁) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက် နေစဉ် လုပ်ငန်းကြန့်ကြာမှုမဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါ လုပ်ငန်းခွင်ဧရိယာမှ  ရေမိုင် ၅ မိုင် ပတ်လည်အတွင်း  ရေကြောင်းသတိပေးချက် (Notice to Mariners) ထုတ်ပြန် ကြေညာ ထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ် သမ္ဗာန် များဖြတ်သန်းသွားလာခြင်းနှင့် ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာ များ ချထားခြင်းများ မပြုလုပ်ကြရန် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေး ကြေညာ ထားကြောင်းသိရသည်။

သတင်းစဉ်