နေပြည်တော်၊ ဖေဖေါ်ဝါရီ ၁၁
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် အိန္ဒိယနိုင်ငံ Serum Institute of India (SII) နှင့် စာချုပ် ချုပ်ဆို ဝယ်ယူထားသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD/ Astrazeneca ကာကွယ်ဆေး အကြိမ်အရေအတွက် (၂)သန်းအား ၁၁-၂-၂၀၂၁ ရက်နေ့၊ နေ့လည်ပိုင်းတွင် နယူးဒေလီ-ရန်ကုန်ပြေးဆွဲသည့် အိန္ဒိယလေကြောင်းလိုင်း ကယ်ဆယ်ရေးလေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ပါသည်။
အဆိုပါကာကွယ်ဆေးများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ ကျန်းမာရေး/ ကုသရေး ဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်၊ ဆေးသုတေသန ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာလှိုင်မြတ်သူတို့ ဦးဆောင်သော အဖွဲ့မှ သွားရောက်လက်ခံခဲ့ပါသည်။ အဆိုပါကာကွယ်ဆေးများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ စီစဉ် ထားသည့် အတိုင်း ကျေးလက်နေပြည်သူများအပါအဝင် ပြည်သူ လူထုအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ပါကြောင်း သတင်း ရရှိပါသည်။