Jan 01, 2025
မင်္ဂလာရှိတဲ့ ၂၀၂၅ ခုနှစ် နှစ်ဆန်းချိန်ခါမှစပြီး ကမ္ဘာသူ၊ ကမ္ဘာသားအပေါင်းနဲ့ နိုင်ငံသူ၊ နိုင်ငံသားအပေါင်း ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နဲ့ ပြည့်စုံနိုင်ကြပါစေ၊ ဘေးအန္တရာယ်အသွယ်သွယ်မှ ကင်းဝေးကြပါစေ၊ စိတ်သွားတိုင်းကိုယ်ပါပြီး လိုအင်ဆန္ဒများနဲ့ ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းပို့သလိုက်ပါတယ်။
Jan 01, 2025
၂၀၂၄ ခုနှစ်ကုန်ဆုံးပြီး ၂၀၂၅ ခုနှစ်သို့ ကူးပြောင်းတဲ့ အခါသမယမှာ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး၊ ရဟန်းရှင်လူ ပြည်သူပြည်သားများအားလုံး၊ ကမ္ဘာသူကမ္ဘာသားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည်စုံကြပါစေ၊၊
Jan 01, 2025
ကမ္ဘာသုံးခရစ်နှစ် ၂၀၂၄ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် နှစ်သစ်သို့ ကူးပြောင်းသွားတဲ့ နှစ်သစ်မင်္ဂလာအချိန်အခါပဲ ဖြစ်ပါတယ်။ နှစ်သစ်မင်္ဂလာအချိန်အခါမှာ မြန်မာနိုင်ငံသူ/နိုင်ငံသားတွေ ကမ္ဘာသူ /သား အားလုံးသော ခုနစ်ရက်သားသမီး သူတော်ကောင်းအပေါင်းတို့ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။ စီးပွားဥစ္စာရတနာတွေလည်း တစ်နေ့တခြား ဒီရေအလားကဲ့သို့ တိုးတက်ကြီးပွားနိုင်ကြပါစေ။ သာသနာအကျိုး၊ ဘာသာအကျိုး၊ သတ္တဝါအကျိုး၊ တိုင်းကျိုးပြည်ကျိုး၊ ဆတက်ထမ်းပိုးဆောင်ရွက်နိုင်ကြတဲ့ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်တွေဖြစ်ကြပြီး မကောင်းတဲ့စိတ်ကို ပယ်ဖျောက်ပြီး ကောင်းတဲ့စိတ်တွေရောက်၍ မကောင်းတာတွေဖျောက်ပြီး ကောင်းတာတွေ ရောက်ကြပါစေလို့ နှစ်သစ်မင်္ဂလာမှာ ရှေးဦးစွာ ဆုတောင်းမေတ္တာပို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။
Jan 01, 2025
နိုင်ငံတကာ နှစ်သစ်ကူးအခါသမယမှာ ဗုဒ္ဓဘာသာဝင်၊ ဘုရားသားတော်တစ်ပါးအနေနဲ့ ပြောရရင် “သဗ္ဗေ သတ္တာ ကမ္မဿကာ” စကားကို ပြောချင်ပါတယ်။
Jan 01, 2025
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက ကမ္ဘာလောကကြီးကို တစ်နေ့သုံးကြိမ် ကြည့်တော်မူတယ်။ ဘာကြောင့်ကြည့်သလဲဆိုရင် မြတ်စွာဘုရား၏ ကျင့်စဉ်ကြီးသုံးရပ်ထဲမှာ ဗုဒ္ဓတ္ထစရိယ - ဘုရားဖြစ်အောင်ကျင့်ခြင်း၊ ဉာတတ္ထစရိယ - မိမိရဲ့ မိဘက်ဖဘက်၊ နှစ်ဖက်က ဆွေမျိုးတွေ ချမ်းသာအောင်ကျင့်ခြင်း၊ ဆွေမတော်မျိုးမတော်သော ပုဂ္ဂိုလ်တွေ ဘဝသံသရာတစ်လျှောက်လုံးမှာတော့ တော်ခဲ့ဖူးကြမှာပါ။ လောကတ္ထစရိယ - တစ်လောကလုံးရဲ့ အကျိုးစီးပွားအတွက် ကျင့်တော်မူခြင်းဆိုတဲ့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ရဲ့ ရည်ရွယ်ချက်ကြီး သုံးပါးပေါ့။ ယနေ့ဆိုရင် ‘စရိယသုံးပါး’ ‘ကျင့်စဉ်ကြီးသုံးရပ်’ ဆိုတာ ရှိပါတယ်။
Jan 01, 2025
ယနေ့ဟာ တစ်ကမ္ဘာလုံးအများသုံးဖြစ်သည့် ခရစ်နှစ် ၂၀၂၅ ခုနှစ်၏ နှစ်သစ်မင်္ဂလာအခါသမယနေ့ဖြစ်သည်။ ယခု ၂၀၂၅ ခုနှစ် နှစ်သစ် မင်္ဂလာအခါသမယနေ့မှစ၍ မြန်မာနိုင်ငံရှိ ရဟန်းရှင်လူပြည်သူများအပါအဝင် ကမ္ဘာသူကမ္ဘာသားအားလုံး ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့်နှစ်သစ်ဖြစ်ပါစေ။
Jan 01, 2025
ယနေ့သည် ၂၀၂၄ ခုနှစ်ဟုဆိုအပ်သော နှစ်ဟောင်းကုန်ပျောက်၍ ၂၀၂၅ ခုနှစ်ဟုဆိုအပ်သော ကမ္ဘာ့နှစ်သစ်သို့ စတင်ရောက်ရှိသည့် မင်္ဂလာရှိသောနေ့ထူးနေ့မြတ်ဖြစ်ပါသည်။ ယခုလိုမင်္ဂလာအပေါင်းနှင့် ခညောင်းပြည့်စုံသော ကမ္ဘာ့နှစ်သစ်မင်္ဂလာအချိန်အခါမှစ၍ မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့် ကမ္ဘာသူကမ္ဘာသားအားလုံးကျရောက်ဆဲ, ကျရောက်လတ္တံ့ဖြစ်သော ဘေးဥပါဒ်အန္တရာယ် ရန်စွယ်အပေါင်းမကောင်းဟူသမျှ ပြစ်ဒေါသတို့မှ ကင်းစင်ပကြလျက် မိမိတို့အလိုရှိအပ်တောင့်တအပ်သော အတတ်ပညာ, စည်းစိမ်ချမ်းသာ, ကျော်စောသတင်း, မိတ်ကောင်းဆွေကောင်းများရရှိနိုင်စေရန် -
Jan 01, 2025
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ အပန်းဖြေပျော်ရွှင်စေရန်၊ စိတ်ခွန်အားသစ်များရရှိနိုင်ရန်၊ နှစ်သစ်ကို သာယာပျော်ရွှင်ချမ်းမြေ့စွာ ကြိုဆိုနိုင်ရန် ရည်ရွယ်၍ ကျင်းပသည့် တေးဂီတဖျော်ဖြေပွဲကို ယနေ့ညနေပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းလေ့ကျင့်ရေးကွင်း အမှတ် ၁ နှင့် ၂ ၌ ကျင်းပရာ ပြည်သူအများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ ကွင်းပြည့်ကွင်းလျှံ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
Jan 01, 2025
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ် အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းမှရရှိသည့် အချက်အလက်များနှင့် ပတ်သက်၍ ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) (MICC-2) ၌ ကျင်းပသည်။
Jan 01, 2025
ဒီနေ့ကျရောက်တဲ့ ၂၀၂၅ ခုနှစ်ရဲ့ နှစ်သစ်ကူးအခါသမယမှာ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြပါသော မိဘပြည်သူညီအစ်ကို မောင်နှမများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နှင့်တကွ ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြပါစေလို့ ဦးစွာဆုတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။