Dec 31, 2024
စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၂၅ ရက်မှ ၂၈ ရက်အတွင်း စစ်ကြောင်းထိုးကာ ပြည်သူ ၂၅၀ ကျော်ကို ဖမ်းဆီးပြီး စစ်ဘေးရှောင်တဲများနှင့် ဆိုင်ကယ်များကို အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Dec 31, 2024
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင်ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။
Dec 31, 2024
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ အမှတ် (၇) မြို့ပတ်လမ်း ကွန်ကရစ်နှစ်လမ်းသွားမှ လေးလမ်းသွားလမ်းချဲ့ခြင်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
Dec 31, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး မြောင်းမြ ခရိုင် မြောင်းမြမြို့နယ် မြစိမ်းရောင်တောင်တော်တွင် ကျင်းပပြုလုပ်သည့် (၈၇) နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အလံတင်အခမ်းအနားသို့ တက်ရောက်သည်။
Dec 31, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများတွင် တံခွန်စိုက်ဆုဖလားရယူပေးခဲ့ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန ကိုယ်စားပြုအားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 31, 2024
အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ်ဟောင်း ဒေါက်တာမန်မိုဟန်ဆင်းသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် ကွယ်လွန်ခဲ့ခြင်းအတွက် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် Park Royal ဟိုတယ်ရှိ အိန္ဒိယသံရုံး၏ ဆက်ဆံရေးရုံး၌ ဖွင့်လှစ်ထားရှိသော ဝမ်းနည်းခြင်းအထိမ်းအမှတ်စာအုပ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးသည် ယနေ့နံနက်ပိုင်းတွင် သွားရောက်လက်မှတ်ရေးထိုးသည်။
Dec 31, 2024
မြန်မာနိုင်ငံသည် သမိုင်းမတင်မီကာလမှစ၍ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားသောနိုင်ငံဖြစ်ခဲ့သည်။ သယံဇာတပေါများကြွယ်ဝပြီး တိုင်းရင်းသားလူမျိုးများသည် တကောင်း၊ ဗိဿနိုး၊ သရေခေတ္တရာ၊ ဟန်လင်း၊ ဝေသာလီ၊ သုဝဏ္ဏဘူမိ စသည့် မြို့ပြများနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ရှေးနှစ်ရာပေါင်းများစွာကပင် ကိုယ့်ယဉ်ကျေးမှုနှင့်ဂုဏ်ယူစွာနေထိုင်ခဲ့ကြသည်။
Dec 31, 2024
ယနေ့သည် ကမ္ဘာသုံးပြက္ခဒိန်နှစ်တစ်နှစ်၏ နောက်ဆုံးနေ့ဖြစ်၍ ညဉ့်လယ်သန်းခေါင်ယံ၏ ဟိုမှာဘက်တွင် နှစ်သစ်တစ်ခုစဦးတော့မည်ဖြစ်သည်။ အနာဂတ်ဆီသို့ တစ်သမတ်တည်းစီးဆင်းနေသည့် အချိန်စီးကြောင်းကြီးကို စက္ကန့်၊ မိနစ်၊ နာရီ၊ ရက်၊ လတို့ ပိုင်းခြားသတ်မှတ်ကာ လူရေး လူမှု လူ့ကိစ္စတို့အတွက် အမှတ်အသားပြုသုံးစွဲနေကြသည့်တိုင် လူတစ်ဦးချင်းစီအတွက် ကိုယ်ပိုင်အချိန်မှာ မွေးသည်မှ သေသည်အထိဖြစ်သော ဘဝဖြစ်တည်ချိန်၊ ရှင်သန်ချိန်သာလျှင်ဖြစ်သည်။ ဗုဒ္ဓ၏တရားတော်အရဆိုလျှင် ပစ္စုပ္ပန်၏ အခိုက်အတန့်ကလေးများသည်သာ ကောင်းမှု၊ မကောင်းမှုတို့ကို ဆောင်ရွက်နိုင်သည့် ကိုယ်ပိုင်အချိန်ကလေးများဖြစ်ပြီး ပြီးဆုံးသွားသည့်အတိတ်နှင့် ရောက်မလာသေးသည့် အနာဂတ်တို့မှာ မိမိတို့မပိုင်။
Dec 30, 2024
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော တိုက်ပွဲဖြစ်စဉ်များ၌ ဒေသခံပြည်သူများ၏ အသက်အန္တရာယ်ကိုငဲ့ညှာ၍ ပြန်လည်ပစ်ခတ်တိုက်ခိုက်မှုအား ထိန်းသိမ်းဆောင်ရွက်ခဲ့ရသဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသည့် တပ်မတော်သားများအား AA အကြမ်းဖက်သောင်းကျန်းသူများက ကျင်းတူးခိုင်းပြီး မြေကျင်းထဲသို့ထည့်၍ လည်လှီးကာသတ်ဖြတ်ခြင်း၊ အဆိုပါလည်လှီးသတ်ဖြတ်နေသည့် Video File များကို ရိုက်ကူး၍ Online ပေါ်တွင် ဖြန့်ဝေခြင်း ပြုလုပ်လျက်ရှိသည်။ ထို့ပြင် ကျောက်တော်နယ်မြေ၌လည်း တပ်မတော်သားများ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများလိုက်ပါလာသော သင်္ဘောကိုလည်း ပစ်ခတ်ဖောက်ခွဲ၍ ရေနစ်နေသည့် အမျိုးသမီးများနှင့် ကလေးငယ်များကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြသည်။
Dec 30, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။