Jun 02, 2022
တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သည့် တပ်မတော် ပင်လယ်သွားဆေးရုံ ရေယာဉ် (သံလွင်) သည် ကိုကိုးကျွန်းမြို့နယ်နှင့် တနင်္သာရီ ကမ်းရိုးတန်းဒေသများရှိ ဒေသခံပြည်သူများအား မေ ၄ ရက်မှ ၃၁ ရက်အထိ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန် မြို့ အမှတ်(၃) ရေတပ်ဆိပ်ခံတံတား(သီလဝါ)သို့ ပြန်လည်ရောက်ရှိလာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။
Jun 02, 2022
ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခွန်ငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက် ပေးရခြင်းဖြစ်သဖြင့် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများနှင့် ကြွေးကျန်များ ကောက်ခံရရှိရေး တွန်းအားပေးဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ထို့အတူ အခွန်ပုန်း၊ အခွန်ရှောင်များကို ဖော်ထုတ်အရေးယူပြီး အခွန်ထမ်းသစ်များရရှိရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။
Jun 02, 2022
နိုင်ငံတော်နှင့် ပြည်သူတို့၏ အနာဂတ်ဘဝ မြင့်မားတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်ရာတွင် ပညာရေးသည် အဓိကကျသောအရင်းအမြစ်ဖြစ်သည်။ အသိဉာဏ်ပညာသည် နိုင်ငံနှင့်ပြည်သူတို့၏ ဘဝအဆင့်အတန်းအခြေအနေကို ညွှန်းဆိုနေသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရက ပညာရေးကဏ္ဍကို ဘက်ပေါင်းစုံမှ မြှင့်တင်အားပေးနေသည်။