Aug 15, 2020
(၂၇) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ-UPDJC အတွင်းရေးမှူးများ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁(MICC-I)၌ ကျင်းပသည်။
Aug 15, 2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၊ မလှိုင်ကုန်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းမှ အခြေခံပညာ မူလတန်းလွန်ကျောင်းသို့ အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လည် ၂ နာရီအချိန်က မလှိုင်ကုန်းကျေးရွာ၊ အခြေခံပညာ မူလတန်းလွန်ကျောင်း ဆိုင်းဘုတ်ရှေ့၌ ကျင်းပရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း တက်ရောက် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Aug 15, 2020
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် စံပယ်လှကျေးရွာအနီး၌ AA အကြမ်းဖက်သောင်းကျန်းသူ အမာခံတစ်ဦး ဖမ်းဆီးရမိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
Aug 15, 2020
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ကျောက်တန်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဩဂုတ် ၁၂ ရက်က AA အကြမ်းဖက်အဖွဲ့ဝင်များအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ကိုဗစ်အလွန်အဆင့်မြင့်ပညာဘာသာရပ်အသစ်များ (၈)မျက်မှောက်ခေတ် နိုင်ငံတကာဆက်ဆံရေးနှင့်နိုင်ငံရေးသိပ္ပံပညာ
Aug 15, 2020
နိုင်ငံတကာဆက်ဆံရေးပညာဘာသာရပ် (International Relations Subject) နှင့် နိုင်ငံတကာဆက်ဆံရေးပညာဌာန (Department of International Relations) အသစ်ကို ၁၉၈၄ ခုနှစ် ဒီဇင်ဘာလတွင် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့၌ ဖွင့်လှစ်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် ၃၆ နှစ်ပြည့်တော့မည်ဖြစ်ပါသည်။
Aug 15, 2020
၁။ (၁၄-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာ၌ -
Aug 15, 2020
ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သည့်အနေဖြင့် ကျန်းမာရေး၊ လူမှုကူညီရေးဝန်ထမ်းများနှင့် နေရပ်ရွှေ့ပြောင်းနေထိုင်နေရသူ ၂၆၀၀၀၀ အတွက် အမေရိကန် ဒေါ်လာ တစ်သန်းခန့်တန်ဖိုးရှိ တစ်ကိုယ်ရေသုံးကာကွယ်ရေးဝတ်စုံ(PPE)၊ နှာခေါင်းစည်းနှင့် အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ သိရသည်။
Aug 15, 2020
နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ မဲစာရင်းများအား ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၁၃ ရက်အထိ ရက်ပေါင်း ၂၀ အတွင်း လာရောက်ကြည့်ရှုသူ ၁၃ သိန်းကျော်ရှိပြီး ၎င်းတို့အနက် ပြင်ဆင်ဖြည့်စွက်တောင်းဆိုရန် လျှောက်ထားသူ ၁၇၀၀၀၀ ကျော်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
Aug 15, 2020
မြန်မာ့စွယ်စုံကျမ်းများ ပြန်လည်ထုတ်ဝေရေးအတွက် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်နှင့် ထွန်းဖောင်ဒေးရှင်းတို့၏ လုပ်ငန်းတာဝန်ခွဲဝေမှုဆိုင်ရာ မူဘောင် သဘောတူညီချက်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းက ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ကုန်သည်လမ်းရှိ စာပေဗိမာန်၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တက်ရောက်သည်။
Aug 15, 2020
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့်နှင့် ဦးကျော်စိုးတို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ယမန်နေ့တွင် မြင်းခြံဗဟိုအကျဉ်းထောင်နှင့် မြင်းခြံမြို့ပေါ်ရှိ ရဲစခန်း၊ တရားရုံး၊ ဆေးရုံအချုပ်ခန်းများကို ကြည့်ရှုစစ်ဆေးသည်။
Aug 15, 2020
(၉)ကြိမ်မြောက် မဲခေါင်ဒေသခွဲနိုင်ငံများ၏ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် မဲခေါင်ဒေသခွဲနိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်များပါဝင်လျက် Virtual Meeting အဖြစ် နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၌ ကျင်းပသည်။
Aug 15, 2020
မြန်မာနိုင်ငံသည် ငြိမ်းချမ်းရေးခရီးကို ခက်ခဲကြမ်းတမ်းစွာ လျှောက်လှမ်းနေရဆဲဖြစ်သည်။ ပြည်သူ့အစိုးရ နိုင်ငံတော်ကိုတာဝန်ယူသောကာလတွင် ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးအတွက် အဓိကကျသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံအစည်းအဝေးကို သုံးကြိမ်ကျင်းပနိုင်ခဲ့သည်။ မကြာမီရက်ပိုင်းတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္တအစည်းအဝေးကို ထပ်မံကျင်းပတော့မည်ဖြစ်သည်။
Aug 15, 2020
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ အရေအတွက် ၃၇ဝ ကျော်ရှိလာသည့်အချိန် ကမ္ဘာတွင် ရောဂါကူးစက်ပြန့်ပွားမှုက အရှိန်မြင့်မားနေဆဲဖြစ်သည်။ မိမိတို့ နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော နိုင်ငံတစ်နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံမှာ ဓာတ်ခွဲ အတည်ပြုလူနာ နှစ်သန်းခွဲခန့်ရှိလာပြီး ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအများဆုံး ၁၀ နိုင်ငံစာရင်းတွင် ထိပ်ပိုင်းသို့ ရောက်လာနေသည်။ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှာ ကိုဗစ်-၁၉ ကူးစက်မှုကို အတိုင်းအတာတစ်ရပ်အထိ ထိန်းချုပ်ထားနိုင်သည်ဟု ဆိုရမည်ဖြစ်သော်လည်း စိတ်ချ၍မရသေးသလို ပေါ့ဆ၍လည်း မရသေး။
အိန္ဒိယနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့
Aug 14, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် အိန္ဒိယနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၂၂)ဦးအား မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့်ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။
Aug 14, 2020
မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တောင်ငူမြို့နယ် မဟင်ကျေးရွာ၌ ကျင်းပသည်။
Aug 14, 2020
၁။ (၁၄-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
Aug 14, 2020
အစိုးရ၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)အတွင်းရေးမှူးများနှင့် နိုင်ငံရေးပါတီအစုအဖွဲ့မှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (National Reconciliation and Peace Centre-NRPC) ၌ ကျင်းပသည်။
Aug 14, 2020
ရမည်းသင်းမြို့နယ် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကွင်းဆင်း ဆောင်ရွက် ရမည်းသင်း ဩဂုတ် ၁၄ ဇော်ဝင်းအောင်
Aug 14, 2020
ကိုဗစ်-၁၉ ကုစားမှုအနေဖြင့် Cash for Work စီမံကိန်းလုပ်ငန်းကို သမိန်လစ်ကျေးရွာ၌ လမ်းပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက် ကော့ကရိတ် ဩဂုတ်၁၄ မျိုးမင်းဦး
