Skip to main content

Sep 18, 2020

၁။ (၁၇-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ မှ (၁၈-၉-၂၀၂၀) နံနက် (၈:၀၀)နာရီ အတွင်း COVID-19 ဓာတ်ခွဲ စစ်ဆေးချက်များအရ - - အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၁,၆၉၄) ခု၊

ဆက်လက်ဖတ်ရှုရန်

Sep 18, 2020

ပါမောက္ခ ဒေါက်တာကျော်ကျော်ဦး နေပြည်တော် ခုတင်(၁၀၀၀) ပြည်သူ့ဆေးရုံကြီး၌ ကုသမှုခံယူနေကြသည့် ကိုဗစ် -၁၉ ဓာတ်ခွဲ အတည်ပြုလူနာများ၊ သံသယလူနာများ၏ ကျန်းမာရေး အခြေအနေ၊ ဆေးဝါးကုသ စောင့်ရှောက်ပေးနေမှုနှင့် နေပြည်တော်အတွင်း ကိုဗစ်-၁၉ ကုသရေး၊ ထိန်းချုပ်ရေးလုပ်ငန်း အတွက် ကြိုတင်ပြင်ဆင်ထားမှုများနှင့်စပ်လျဉ်းပြီး တာဝန်ရှိသူများ၏ ပြောကြားချက်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 18, 2020

ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး နိုင်ငံအတွင်း ရောဂါပြန့်ပွားမှုအခြေ အနေနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က စက်တင်ဘာလ ၁၅ ရက်နေ့က ပြည်သူများသို့ အစီရင်ခံ တင်ပြခဲ့သည်။ “ဒီအချိန်မှာ ကျွန်မဒါတွေကို တင်ပြတာက ပြည်သူတွေ စိုးရိမ်လွန်ဖို့ မဟုတ်ပါဘူး။ တရားခံ ရှာဖို့လည်း မဟုတ်ပါဘူး။ အားလုံးပူးပေါင်း ဆောင်ရွက်ပြီးတော့ ဒီစိန်ခေါ်မှုကို ကျော်လွှားဖို့ဖြစ်ပါတယ်။ ရခိုင်မှာဆိုရင် အရင်လက တော်တော်စိုးရိမ်ရပါတယ်။ အခုချိန်မှာ အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်လို့ ရသွားပြီလို့ ကျွန်မတို့ပြောနိုင်ပါတယ်။ ဒါကလည်း ပူးပေါင်းဆောင်ရွက်မှုကြောင့်ပါပဲ” ဟု ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 18, 2020

ဩဂုတ်လလယ်ပိုင်းတွင် စတင်ခဲ့သည့် ကိုဗစ်-၁၉ ဒုတိယအကျော့ ဝင်ရောက်မှုက ရိုက်ခတ်မှုပြင်းထန်လှသည်။ ရောဂါပိုးကူးစက်ပျံ့နှံ့မှုက မြန်ဆန်လှသလို ဓာတ်ခွဲ အတည်ပြုလူနာ အရေအတွက်နှင့် ရောဂါကြောင့် သေဆုံးမှုအရေအတွက်တို့က တစ်လခန့် အချိန်ကာလ အတွင်းမှာပင် ရုတ်တရက် မြင့်တက်သွားခဲ့သည်။ နိုင်ငံတွင် လူဦးရေ အထူထပ်ဆုံး ဒေသဖြစ်ပြီး စီးပွားရေးအချက်အချာလည်းဖြစ်သည့် ရန်ကုန်သည် ကိုဗစ်-၁၉ နှင့် အဓိကရင်ဆိုင်ရသည့် ဗဟိုချက်မသဖွယ်လည်း ဖြစ်လာသည်။ ကယားပြည်နယ်မှလွဲ၍ ကျန်တိုင်းဒေသ ကြီးနှင့် ပြည်နယ်များတွင်လည်း ယခင်နှင့် နှိုင်းယှဉ်ပါက ပိုးတွေ့လူနာ အရေအတွက်တိုးလာသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2020

၁။ (၁၇-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီမှ ည (၈:၀၀)နာရီအတွင်း COVID-19 ဓာတ်ခွဲ စစ်ဆေးချက်များအရ - - အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၅၅၂)ခု၊ - ဆေးသုတေသနဦးစီးဌာန (DMR) ဓာတ်ခွဲနမူနာ (ပထမအသုတ်)ဓာတ်ခွဲနမူနာ (၂၅၅) ခု၊

ဆက်လက်ဖတ်ရှုရန်

Sep 17, 2020

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ Monitoring and Evaluation Framework အတွက် Indicator များ ဖော်ထုတ်ဆွေးနွေးနိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက Virtual Workshop အနေဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2020

နယ်စပ်ရေးရာဝန်ကြီးဌာန၏ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆိုင်ရာ Online အစည်း အ‌ဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ဝန်ကြီးရုံးအစည်းအ‌ဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2020

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2020

၁။ ယမန်နေ့ (၁၆-၉-၂၀၂၀) ရက်နေ့ COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် တွေ့ရှိခဲ့ရသည့် COVID-19 လူနာများတွေ့ရှိမှုအခြေအနေများကို ဖော်ပြအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2020

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ Cabinet အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်(၁၀:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ Online Meeting ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2020

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တိုင်းဒေသကြီးနယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်စိုးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ ညနေ (၄) နာရီအချိန်က

ဆက်လက်ဖတ်ရှုရန်

Sep 17, 2020

အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးဇော်မင်းက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၆ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2020

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ နေ့လယ် (၂)နာရီက မုံရွာမြို့ စီးပွားရေးတက္ကသိုလ်၊ နန္ဒဝန်ရပ်ကွက် ဝန်ထမ်းအိမ်ရာစခန်း၊ ဒေါနခြံရပ်ကွက်တို့တွင် ဖွင့်လှစ်ထားသော Quarantine Center သို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး Mask များ၊

ဆက်လက်ဖတ်ရှုရန်

Sep 17, 2020

ရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မှ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁၆)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယခုလတ်တလောဖြစ်ပေါ်နေသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကမ္ဘာ့ကပ်ရောဂါအခြေအနေများကြောင့် ယခင်နှစ်များကဲ့သို့ လူစုလူဝေးဖြင့် ကျင်းပပြုလုပ်ခြင်းမပြုတော့ဘဲ Video Conferencing စနစ်ဖြင့် ယမန်နေ့နံနက် (၉)နာရီ အချိန်ခန့် က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2020

အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၆ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2020

ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ အတွင်းရေးမှူး (၂) ၊ ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဦးသန်းဌေးက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၆ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2020

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြန်လည် ထူထောင်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ Online Meeting စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2020

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် သုခသိဒ္ဓိရပ်ကွက် ပျဉ်းမနား- တောင်ညိုလမ်းဘေး မြို့မဈေး အနီး၌ တည်ဆောက်လျက်ရှိသည့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်း အိမ်ရာ စီမံကိန်း ပထမအဆင့် တိုက် ၃၉ လုံး၏ မြေညီထပ် အခန်းများ မဲနှိုက်နေရာချထားမှုကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် စည်ပင်သာယာရေး ကော်မတီ မြို့တော်ခန်းမ၌ ကျင်းပပြီး အခန်းဝယ်ယူခွင့် ရရှိသူများ သိရှိစေရန် Facebook Page မှ တိုက်ရိုက်ထုတ်လွှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှား နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၆၈ ဦးအား မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိ ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2020

၁။ (၁၆-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ မှ (၁၇-၉-၂၀၂၀) နံနက် (၈:၀၀)နာရီ အတွင်း COVID-19 ဓာတ်ခွဲ စစ်ဆေးချက်များအရ -

ဆက်လက်ဖတ်ရှုရန်