Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း ရန်ကုန်မြို့ရှိ စားသုံးဆီသိုလှောင်ကန်များနှင့် သီလဝါ အထူးစီးပွားရေးဇုန် ကြည့်ရှုစစ်ဆေး


ရန်ကုန် ဇွန် ၆

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗားကရာဆိပ်ကမ်းရှိ စားသုံးဆီသိုလှောင်ကန်များသို့ ကွင်းဆင်း ကြည့်ရှုသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဗားကရာဆိပ်ကမ်းရှိ Diamond Dragon Co.,Ltd၊ Six Winner Brothers Co.,Ltd၊ HtooCo.,Ltdတို့၏ စားသုံးဆီသိုလှောင်ကန်များနှင့် လက်လီ/ လက်ကားဈေးကွက်သို့ ဖြန့်ဖြူးမည့် စားသုံးဆီများ ထည့်သွင်းထုပ်ပိုးနေမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ထုပ်ပိုး ဖြန့်ဖြူးသည့် လုပ်ငန်းစဉ်တလျောက် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းမှာကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သီလဝါအထူးစီးပွားရေးဇုန်၌ နိုင်ငံခြား ဖက်စပ်ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နေသည့် Wilmar Myanmar ကုမ္ပဏီသို့ ရောက်ရှိရာ ကုမ္ပဏီမှ တာဝန်ရှိသူများက နိုင်ငံတကာ ပင်လယ်ကူးကုန်တင် သင်္ဘောများဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတားတည်ဆောက်ထားမှု၊ လယ်ယာထွက်ကုန်အခြေခံ ထုတ်ကုန်များနှင့် စားသုံးဆီ ထုတ်လုပ် ဖြန့်ဖြူးရောင်းချနေမှုများ၊ နိုင်ငံတော်၏လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အကူဖြစ်စေရန် Integrated Project အဖြစ် ဆန်စက်၊ ဖွဲနုဆီစက်များတည်ဆောက် ဆောင်ရွက်သွားမည့် အခြေအနေများကိုရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များမှာကြားပြီး Wilmar Myanmar ကုမ္ပဏီ၏ဆိပ်ခံ တံတား၌ ကုန်တင်ကုန်ချ လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဂျုံမှုန့်ထုတ်လုပ်သည့် လုပ်ငန်းခွင်နှင့် စားသုံးဆီများကို Consumer Pack များ ထုပ်ပိုးနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီရုံးသို့ ရောက်ရှိရာ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးရန်နိုင် ထွန်း၊ Myanmar Thilawa SEZ Holding Co.,Ltd ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် MD ဦးမြင့်ဇော်၊ OSSC အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး က တင်ပြချက်များအပေါ် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)