Skip to main content

ဒုတိယဝန်ကြီး ဦးထွန်းအုံ အစိုးရဓမ္မာစရိယစာမေးပွဲများသို့ ကြွရောက်တော်မူကြသည့် ကြီးကြပ်ရေး ဆရာတော်ကြီးများနှင့် စာဖြေသံဃာများအား ဖူးမြော်ကြည်ညို

နေပြည်တော် ဇွန် ၆

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းအုံသည် ယနေ့မွန်းလွဲပိုင်းက  နေပြည်တော်၊ တပ်ကုန်းမြို့၊ ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီးနှင့် မဟာဇနက ဗိမာန်တို့၌ အစိုးရ ဓမ္မာစရိယ စာမေးပွဲဖြေဆိုလျက်ရှိသော သံဃာတော်များနှင့် သီလရှင်များကို သွားရောက် ဖူးမြော်ကြည်ညိုသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးသည် တပ်ကုန်းစာဖြေဌာန၌  ကြီးကြပ်ရေးဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုကာ စာဖြေဌာနအတွက် အလှူတော်ငွေကျပ် ၁၀ သိန်းကို ဆက်ကပ် လှူဒါန်းသည်။ ယင်းနောက် အစိုးရဓမ္မာစရိယစာမေးပွဲ ဖြေဆိုတော်မူကြသော သံဃာတော်များ နှင့် သီလရှင်များအား လှည့်လည်ဖူးမြော်ကြည်ညိုသည်။

 

၂၀၂၁ ခုနှစ်၊ အစိုးရဓမ္မာစရိယ စာမေးပွဲများကို နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ ဓမ္မာစရိယစာဖြေဌာန  ၅၉ ဌာနတို့တွင် ဇွန် ရက်မှစတင်၍ ဖြေဆိုလျက်ရှိပြီး ဇွန် ၉ ရက် အထိ ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါဓမ္မာစရိယစာမေးပွဲတွင် စာဖြေသံဃာတော်များ နှင့် သီလရှင်များက ပါရာဇိက ကဏ္ဍပါဠိအဋ္ဌကထာကျမ်းကို   ရက်၊ သီလက္ခန္ဓ ဝဂ္ဂပါဠိအဋ္ဌ ကထာကျမ်းကို ရက်၊ ဓမ္မသင်္ဂဏီပါဠိအဋ္ဌကထာ ကျမ်းကို ရက်၊ မြန်မာဂုဏ်ထူးကျမ်းရင်း ကျမ်းတို့ကို ရက်နှင့် ပါဠိဂုဏ်ထူးကျမ်းရင်း ကျမ်းတို့ကို ရက်၊ စုစုပေါင်း ရက်တိုင်တိုင် ဖြေဆိုလျက် ရှိကြသည်။

ယနေ့ကျင်းပပြုလုပ်သည့် အစိုးရဓမ္မာ စရိယစာမေးပွဲ၊ ဓမ္မသင်္ဂဏီပါဠိအဋ္ဌကထာ()ဘာသာကို တပ်ကုန်း စာဖြေဌာန၌ စာဖြေသံဃာတော် ၁၁၃ ပါးသီလရှင်အပါး ၃၀ နှင့် လူပုဂ္ဂိုလ် ဦး၊ စုစုပေါင်း ၁၄၄ ပါး/ဦးတို့ ဝင်ရောက်ဖြေဆိုကြပြီး ပျဉ်းမနားစာဖြေဌာန၌ စာဖြေသံဃာတော် ၁၁၅ ပါး ဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။

ထို့အပြင် ၂၀၂၁ ခုနှစ် ပါဠိပထမပြန်စာမေးပွဲများကိုလည်း နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ပါဠိပထမပြန်စာဖြေဌာန ၂၄၁ ဌာနတို့တွင် ဇွန် ရက်မှ ၁၃ ရက်အထိ ရက်တိုင် ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါစာမေးပွဲများတွင် ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်းများကို ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)