Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဂုတ်ထိပ်တံတားနှင့် မန္တလေးနန်းတွင်းရှိ အမြှောက်ပြတိုက်သို့ သွားရောက်ကြည့်ရှု

နေပြည်တော် ဇွန် ၆ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဇွန် (၅) ရက်၊ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် နောင်ချိုဟိုတယ်အား သွားရောက် ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဂုတ်ထိပ်ကျောင်းတိုက်ဆရာတော် အရှင်ဝါသဝ (မေတ္တာရောင်ခြည်)ထံ လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းပြီး နောင်ချိုမြို့နယ်ရှိ ကမ္ဘာကျော် သမိုင်းဝင် ရှေးဟောင်းဂုတ်ထိပ်တံတားအနီးတွင် ခရီးသွားဧည့်သည်များအား ဆွဲဆောင်နိုင်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် မူဆယ်ချယ်ရီ ခရီးသွားကုမ္ပဏီမှ ဆောက်လုပ်မည့် ဂုတ်ထိပ်ချယ်ရီမူဆယ် မှန်တံတားနှင့် အပန်းဖြေစခန်း စီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ ကမ္ဘာကျော်သမိုင်းဝင် ရှေးဟောင်းဂုတ်ထိပ်တံတား ပေါ်သို့တက်ရောက်ကြည့်ရှု ခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နောင်ချိုမြို့နယ်ရှိ မျက်ချင်းကျေးရွာအုပ်စု၊ ကျောက်တော စံပြကျေးရွာတွင် ဆောင်ရွက်လျက်ရှိသော လူထုအခြေပြု ခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး သီရိမင်္ဂလာတောရ ကျောင်းတိုက်၌ ဖွင့်လှစ်ထားရှိသည့် လူထုအခြေပြုခရီးသွားလုပ်ငန်း အထောက်အကူပြု သင်တန်း ဖွင့်လှစ်သင် ကြားနေမှုများကို ကြည့်ရှုကာ သင်တန်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့ December ဥယျာဉ်အတွင်းရှိ ရေတံခွန် ပန်းခြံကစားကွင်းအတွင်း အများပြည်သူများ လာရောက်အပန်းဖြေ လည်ပတ်နေမှုများကို လှည့်လည်ကြည့်ရှုပြီး Mico Hill Resort သို့သွားရောက်၍ ကလေးကစားကွင်း၊ တိရိစ္ဆာန် ငယ်များ မွေးမြူထားရှိမှုနှင့် Organic စိုက်ခင်းများ စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေး သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးနန်းတွင်း၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှုနှင့် အညီ အများပြည်သူများ လာရောက်လည်ပတ် လေ့လာနိုင်စေရန်ရည်ရွယ်၍ ပြန့်ကျဲနေသော ရှေးဟောင်း အမွေအနှစ်သမိုင်းဝင် အမြှောက်များအား ပြန်လည်စုစည်းပြီး တစ်နေရာထဲတွင် စနစ်တကျစုစည်း ပြသထားသည့် အမြှောက်ပြတိုက်၊ မင်းတုန်းမင်း၏ ရုပ်ကလပ်မြှုပ်နှံ ထားရှိသည့် အုတ်တိုက်၊ ဒင်္ဂါးသွန်းစက်ရုံ၊ မြနန်းစံကျော်ရွှေနန်းတော်နှင့် ယဉ်ကျေးမှုပြတိုက် အား သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)