နေပြည်တော် အောက်တိုဘာ ၅
ကိုဗစ် - ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရေှာက်မှု လုပ်ငန်းများကို တပ်မတော်သား ဆရာ၀န်များ၊ ကျန်းမာရေး ၀န်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေး လျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm များအား သတ်မှတ် အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော်လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။
ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကာကွယ်ဆေး သိုလှောင်ခန်းမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်လုံးလျှင် လူငါးဦးထိုးနိုင်သော Sinaphorn ဆေးအလုံးပေါင်း ၁၆၀၀၀ ကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှ တပ်မတော် (လေ) ၏ ပို့ဆောင်ရေးလေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူ ခဲ့ကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်