Skip to main content

အင်းလျားကန် ရေပြင်သန့်ရှင်းကြည်လင်စေရေး ကန်သို့ဝင်ရောက်သည့် ရေမြောင်းနှင့် ရေစစ်ကန်အတွင်း အမှိုက်နှင့် မြောင်းချေးများဆယ်ယူရှင်းလင်း

ရန်ကုန် အောက်တိုဘာ

ရန်ကုန်တိုင်းဒေသကြီး စည်ပင် သာယာရေးဝန်ကြီး၊ ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် နာရီတွင် မရမ်းကုန်းမြို့နယ် ပြည်လမ်းနှင့် ပါရမီလမ်းထောင့်သို့ သွားရောက်၍ အင်းလျားကန် ရေပြင်သန့်ရှင်း ကြည်လင်စေရေးအတွက် အင်းလျားကန်သို့ ဝင်ရောက်သည့် ရေမြောင်းနှင့် ရေစစ်ကန်အတွင်း အမှိုက်နှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်းနေမှု၊ ရေစစ်ကန်ဝန်းကျင် ချုံနွယ်နှင့် မြက်များရှင်းလင်းနေမှု၊ အပင်ကြီးများ ခုတ်ထွင် ရှင်းလင်း ပုံသွင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် မြို့တော်ဝန်နှင့် အဖွဲ့သည် မရမ်းကုန်းမြို့နယ် (၁၀)ရပ်ကွက် အင်းလျားရိပ်သာ လမ်းရှိ အင်းလျားရေပိုလွှဲ Spill Way နှင့် ရေထုတ်မြောင်းသို့ သွားရောက်၍ ရေထိန်းတံခါးများ ကြံ့ခိုင်မှုနှင့် ရေထုတ်မြောင်း ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်