နေပြည်တော်၊ နိုဝင်ဘာ - ၁၉
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများသည် မရှိမဖြစ် အရေးပါသည့် အဓိကစွမ်းအားစုကြီး တစ်ခုပင်ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရ အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းများ အပြင် အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍပေါင်းစုံတို့ကို ပြန်လည်ကုစား သွားနိုင်ရေး ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ နိုင်ငံ့ ဝန်ထမ်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ပြည်သူများအားလုံးတို့ ကလည်း အားတက်သရော ပူးပေါင်းဆောင်ရွက်လျက်ရှိ သည်။
ထိုသို့ နိုင်ငံတော်အစိုးရ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများက ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက် နေမှုအပေါ် မလိုလားသော အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH၊ NUG၊ PDF စသည့် အဖွဲ့အစည်းများသည် ၎င်းတို့ကိုယ်ကျိုးအတ္တကို ရှေ့တန်းတင်၍ အကြောင်းမဲ့သတ်ဖြတ်မှုများ ဆောင်ရွက်လျက်ရှိပြီး နိုင်ငံ့အကျိုး တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းကောင်းများကိုလည်း ရက်စက်စွာသတ်ဖြတ် ခြင်းများ ဆောင်ရွက်ခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၁၆ ရက်နေ့အထိ နိုင်ငံ့ဝန်ထမ်း ၃၈ ဦးခန့် သေဆုံးခဲ့ရပြီး ၇၉ ဦးခန့် ဒဏ်ရာရခဲ့မှုများကို ဖော်ပြပါအတိုင်း တွေ့ရှိရသည်။
အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံ့အကျိုးတာဝန်ထမ်းဆောင်နေသော ဝန်ထမ်းကောင်းများကို ယခုကဲ့သို့ အကြမ်းဖက်သတ်ဖြတ်နေမှုများအပေါ် ပြည်သူ လူထုတစ်ရပ်လုံးအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ရှေးရှု၍ ဝိုင်းဝန်းပူးပေါင်းကာကွယ်သွားကြပါရန်နှင့် အကြမ်းဖက်သမား များ၏ လှုပ်ရှားမှုသတင်းများကိုရရှိပါက နီးစပ်ရာလုံခြုံရေး တပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာဆက်သွယ် သတင်းပေးပို့၍ အကြမ်းဖက်သမားများ ရပ်တည်မှုမရှိနိုင် သည်အထိ ပူးပေါင်းဆောင်ရွက်သွားကြပါရန် မေတ္တာရပ်ခံသတင်းထုတ်ပြန် အပ်ပါသည်။
သတင်းစဉ်