Skip to main content

မန္တလေးလူငယ်လေ့ကျင့်ရေး သင်တန်းကျောင်းတွင် အခြေခံငါးမွေးမြူရေး သင်တန်းဖွင့်လှစ်

 

မန္တလေး ဇန်နဝါရီ ၉

 

မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနတို့ ပူးပေါင်း၍ မန္တလေးလူငယ် လေ့ကျင့်ရေး သင်တန်းကျောင်းမှ ကျောင်းသားများ အသက်မွေးဝမ်းကျောင်း အတတ်ပညာရရှိစေရန်နှင့် ကျောင်းသားများ၏ ရိက္ခာဖူလုံစေရန်အတွက် ဇန်နဝါရီ ၆ ရက်မှ ၈ ရက်အထိ အခြေခံငါးမွေးမြူရေး သင်တန်းကို ဖွင့်လှစ်ခဲ့သည်။

 

အဆိုပါသင်တန်းသို့ တိုင်းဒေသကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဦးယဉ်ထွေးက ကြည့်ရှုပြီး သင်တန်းသားများနှင့်တွေ့ဆုံ၍ ငါးမွေးမြူရေးနည်းပညာများအား ကြိုးစားသင်ယူရေးနှင့် သင်ကြားပို့ချမည့်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံသည်။

 

သင်တန်းတွင် စပါးနှင့်ငါးမွေးမြူခြင်း၊ အပင်နှင့်ငါးတွဲဖက်မွေးမြူခြင်း (Aquaponics) ဘာသာရပ်ကို ဦးထင်လင်းအောင်(လက်ထောက် ဦးစီးမှူး)က လည်းကောင်း၊ ငါးအထီး၊ အမ လိင်ခွဲခြားခြင်းနှင့် မျိုးငါး ရွေးချယ်ခြင်းဘာသာရပ်ကို ဦးမျိုးခန့်ဇော်(လက်ထောက်ဦးစီးမှူး)က လည်းကောင်း၊ ရွှေဝါငါးကြင်းအား သဘာဝနည်းဖြင့် သားဖောက်ခြင်းနှင့် ငါးဆေးထိုးသားဖေါက်ခြင်း ဘာသာရပ်ကို ဦးထွန်းနောင်ဝင်း (သရက်ကုန်းငါးလုပ်ငန်း စခန်းတာဝန်ခံ) က လည်းကောင်း၊ ငါးမှုန်များအတွက် အရေးပါသော Biofloc မွေးမြူနည်း ဘာသာရပ်ကို ဒေါက်တာဝါဝါဖူး (ဒုတိယဦးစီးမှူး)က လည်းကောင်း၊ ငါးပုစွန် ကျန်းမာရေးနှင့်ရောဂါ ထိန်းချုပ်ရေး ဘာသာရပ်ကို ဒေါ်ယဉ်မေသန်း (ဒုတိယဦးစီးမှူး) က လည်းကောင်း အသီးသီး သင်ကြားပို့ချပေးခဲ့သည်။ လူငယ်များအနေဖြင့် ငါးမွေးမြူရေး နည်းစနစ်များကို သိရှိနားလည်လာပြီး မိမိတို့ဒေသများတွင် ငါးမွေးမြူရေးနည်းပညာများ ပြန်လည်အသုံးချခြင်းဖြင့် အလုပ်အကိုင်များရရှိနိုင်ပြီး ငါးရိက္ခာများ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်