Skip to main content

ကိုဗစ် − ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့်ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

နေပြည်တော် ဇန်နဝါရီ ၁၉

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်း များကို ရေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေး ထုတ်ပေးလျက်ရှိသည်။ ထိုသို့ ထုတ်ပေးရာတွင် ဇန်နဝါရီ ၁၉ ရက်၌ ရန်ကုန်ဆိပ်ကမ်းများမှ Hexisol Hand Rub With Dispenser ၁၀၀၀၊ Spinocan ၂၅၀၀၀ ၊ Original Perfusor Line ၂၅၀၀၀၊ Infusomat Space Line ၅၀၀၀၊ I.V Administration Set ၁၀၀၀၀ ၊ Surgical Glove ၈၁၀၀၊ ဆေးဝါးမျိုးစုံ ၆၀ စုစုပေါင်း ၂၀၅၅၈၇ ဒသမ ၈၄ kg၊ နယ်စပ် (ချင်းရွှေဟော်) တွင် ကုမ္ပဏီတစ်ခုမှ Oxygen Cylinder ၁၁၀၀ တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်