Skip to main content

အင်းလျားကန်နှင့် ကန်တော်ကြီးဥယျာဉ် စိမ်းလန်းစိုပြည်ရေး ကွင်းဆင်းစစ်ဆေး

ရန်ကုန်   ဇန်နဝါရီ   ၁၈

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်ဦးဗိုလ်ဌေး၊ စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦး၊ ဒုတိယမြို့တော်ဝန် ဦးညီညီနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် ရေမြောင်းရေစီးရေလာကောင်းမွန်စေရန် အမှိုက်နှင့်နုန်းများ ဆယ်ယူရှင်းလင်းနေမှုနှင့် ကားပါကင်အောက် မြေအောက်မြောင်း ရှင်းလင်းနေမှု ကိုသွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည် များမှာကြားသည်။

ကြည့်ရှုစစ်ဆေး

ထို့နောက် အင်းလျားကန်အတွင်းသို့ ဝင်ရောက်သည့် ရေဝင်ပေါက်ဝန်းကျင်တွင် ကန်ရေပြင် တိမ်ကော၍ ကုန်းမြေဖြစ်နေသည့်နေရာများ ပြန်လည်တူးဖော်နေမှုနှင့် ကန်ရေပြင်အတွင်း Aquamarine ဆယ်ယူရှင်းလင်းနေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးပြီးလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် မင်္ဂလာတောင်ညွန့်မြို့နယ် ကန်ပတ်လမ်းရှိ တေဇာဒီပ ကျွန်းသို့ရောက်ရှိပြီး ကျွန်းစိမ်းလန်းစိုပြည်ရေး ဆောင်ရွက်နေမှုကို လည်းကောင်း၊ ကန်တော်ကြီးသဘာဝဥယျာဉ်အတွင်း လူကူးသစ်သားတံတားဟောင်း ဖျက်သိမ်းပြီးစီးမှု၊ ပိုင်ခေါင်းခွဲ၍ ပိုင်ကွန်ကရစ်လောင်းခြင်း ဆောင်ရွက်ပြီးစီးမှုနှင့် ပြန်လည်ပြုပြင် ခင်းကျင်းနေမှု တို့ကိုလည်းကောင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ် စည်ပင်သာယာ  အုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိပြီး မြို့နယ်နေပြည်သူများအတွက် စည်ပင်သာယာဆိုင်ရာ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စုဖွဲ့ဆောင်ရွက်မှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

သတင်းစဉ်