Skip to main content

Nov 26, 2021

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH၊ NUG နှင့် PDF အကြမ်းဖက် သမားများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် အချို့ဒေသများတွင် လက်နက်ကိုင်တိုက်ခိုက်မှုများ၊ လမ်း၊ တံတား ဖောက်ခွဲဖျက်ဆီးမှုများအပြင် အများပြည်သူ နေထိုင်လျက်ရှိသော နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများကို လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 26, 2021

CRPH/NUG အကြမ်းဖက်အဖွဲ့အစည်းတို့မှ နိုင်ငံအတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် အကြမ်းဖက် PDF များ ဖွဲ့စည်းနိုင်ရန်အတွက် NLD ပါတီဝင်/ အမာခံများ၊ CDM ပြုလုပ်သူများနှင့် အစွန်းရောက်လူငယ်များအား စည်းရုံးလှုံ့ဆော်၍ KNU အဖွဲ့လှုပ်ရှားရာ နယ်မြေများအတွင်း ဖောက်ခွဲဖျက်ဆီးရေးနှင့် အကြမ်းဖက် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း၊ ၎င်းနောက် သင်တန်းတက်ရောက်ပြီး သူများအား နိုင်ငံအတွင်း မြို့ကြီးများသို့ စေလွှတ်၍ အကြမ်းဖက်လုပ်ငန်းများ ညွှန်ကြားဆောင်ရွက်စေလျက်ရှိကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 26, 2021

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH ၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် ဗုဒ္ဓဘာသာဝင်တို့၏ ကိုးကွယ်ဆည်းကပ်ရာ ရဟန်း သံဃာတော်များ၊ အနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများ၊ နိုင်ငံ့ဝန်ထမ်းကောင်းများ၊ အေးချမ်းစွာနေထိုင်သော ပြည်သူများကို ရက်စက်ယုတ်မာစွာ အကြမ်းဖက် သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော အခြေခံအဆောက်အဦများဖြစ်သည့် စာသင်ကျောင်းများ၊ ဆေးရုံများ၊ အစိုးရ ရုံးဌာနများ၊ အများပြည်သူနှင့်သက်ဆိုင်သော စီးပွားရေး အဆောက်အဦများ၊ နေအိမ် အဆောက်အဦများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများကို ဆင်ခြေတုံတရားမဲ့စွာ လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 26, 2021

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၃၈ ရပ်ကွက်၊ တပင်ရွှေထီးလမ်းနှင့် မဟာဗန္ဓုလ လမ်းထောင့်ရှိ အိမ်အမှတ်(၂၂)၌ လက်လုပ်မိုင်းစမ်းသပ် ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 26, 2021

မွန်ပြည်နယ်၊ ရေးမြို့နယ်၌ ဘဏ္ဍာငွေများ တင်ဆောင်လာသည့် မော်တော်ယာဉ်များအား လက်နက်ကိုင် အကြမ်းဖက်အဖွဲ့များက လုယက်ယူဆောင်ရန် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် အမျိုးသားတစ်ဦး သေဆုံးကာ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 26, 2021

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ရှိ CDF လက်နက်ကိုင်အကြမ်းဖက်အဖွဲ့က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတို့အား နိုဝင်ဘာလ ၂၃ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 26, 2021

CRPH နှင့် NUG အမည်ခံအကြမ်းဖက်အဖွဲ့များသည် အလုံးစုံ ပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အချို့သောဒေသများတွင် အေးချမ်းစွာနေထိုင်ကြသော ပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကပိုင် ဘဏ်များအား မီးရှို့ဖျက်ဆီးခြင်းနှင့် ပစ္စည်းများအား လုယက်ခြင်း စသည့် အဖျက်အမှောင့်လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 26, 2021

“သတင်းမီဒီယာကောင်စီဖွဲ့စည်းရသည့် ရည်ရွယ်ချက်သည် သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် သတင်းမီဒီယာသမားများ၏ အကျိုးစီးပွားအတွက်သာမက ပြည်သူများ၏ အကျိုးစီးပွားနှင့် အခွင့်အရေးများကိုပါ အကာအကွယ်ပေးရန် ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် သတင်းမီဒီယာ ကောင်စီသည် သတင်းမီဒီယာ သမားများ သတင်းအချက်အလက် လွတ်လပ်စွာ ရယူဖြန့်ဖြူးခွင့် ရရှိရန်အတွက် ကူညီဆောင်ရွက်ပေးရမည်ဖြစ်သကဲ့သို့ မှန်ကန်တိကျသည့် သတင်းအချက် အလက်များကို ပြည်သူများ ရရှိရေးအတွက်လည်း ကာကွယ်စောင့်ရှောက်ပေးရန် တာဝန်ရှိသည်” ဟု မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်များ ကတိသစ္စာပြုခြင်း အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 26, 2021

တိုင်းရင်းသားလူမျိုးပေါင်းစုံ လူမျိုးစုပေါင်း ၁၀၀ ကျော်တို့ အတူတကွ နေထိုင်ကြသည့် မြန်မာနိုင်ငံတွင် အမျိုးသားရေးအယူဝါဒနှင့် အမျိုးသားရေးစိတ်ဓာတ်မှာ လွန်စွာအရေးကြီးသည်။ မိမိတို့ နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများတွင်လည်း ၎င်းတို့၏ တိုင်းရင်းသားလူမျိုးများ ရှိနေကြပြီး တစ်ခုတည်းသော အမျိုးသားရေးစိတ်ဓာတ်များ ထားရှိကာ မိမိနိုင်ငံနှင့် မိမိလူမျိုးတို့ကို ချစ်မြတ်နိုးစွာဖြင့် ပေါင်းစည်းနေထိုင်လျက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 25, 2021

ဆောက်လုပ်ရေးဝန်ကြီးဌာန Public Works Department ၏ (၁၃၅) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမဆောင်၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 25, 2021

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် တိုင်းရင်းသားရေးရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီး/ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် တာဝန်ရှိ သူများက Online စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 25, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်း များမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း၊ ကျိုင်းတုံကုန်သွယ်ရေး စခန်းနှင့် မြဝတီကုန်သွယ်ရေးဇုန်တို့မှ ကုမ္ပဏီ(၄)ခု၊ ယာဉ်စီးရေ (၆)စီးတို့ဖြင့် တင်သွင်းရာ၌ အောက်ဆီဂျင်အရည် Bowser ယာဉ်(၁)စီးဖြင့် (၂၀)တန်နှင့် နှာခေါင်းစည်း(Mask)(၃၄)တန်တို့ကို တင်သွင်းခဲ့သည်။ အောက်ဆီဂျင်အရည် (Bowser) ယာဉ် (၁) စီးမှာ မြဝတီကုန်သွယ်ရေးဇုန်မှ ရန်ကုန်မြို့သို့ ဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 25, 2021

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် ဗုဒ္ဓဘာသာဝင်တို့၏ ကိုးကွယ်ဆည်းကပ်ရာ ရဟန်း သံဃာတော်များ၊ အနန္တဂိုဏ်းဝင် ဆရာ ဆရာမများ၊ နိုင်ငံ့ဝန်ထမ်းကောင်းများ၊ အေးချမ်းစွာနေထိုင်သော ပြည်သူများကို ရက်စက် ယုတ်မာစွာ အကြမ်းဖက် သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော အခြေခံအဆောက်အဦများဖြစ်သည့် စာသင် ကျောင်းများ၊ ဆေးရုံများ၊ အစိုးရရုံးဌာနများ၊ အများပြည်သူနှင့်သက်ဆိုင်သော စီးပွားရေး အဆောက်အအုံများ၊ နေအိမ်အဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲခြင်းနှင့် မီးရှို့ ဖျက်ဆီးခြင်းများကို ဆင်ခြင်တုံတရားမဲ့စွာ လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 25, 2021

၂၄-၁၁-၂၀၂၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်နှင့်တိုင်းဒေသကြီးတိုင်းရင်းသားရေးရာ ဝန်ကြီးဦးစောဂျက်ကော့ထူးတို့ ဦးဆောင်လျက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲမှ အကြံပေး၊ မြန်မာ့ရုပ်ရှင် မြှင့်တင်ရေးဦးစီးဌာန (ရန်ကုန်တိုင်းဒေသကြီး) မှတာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံပိုင်ရုပ်ရှင်ရုံ (၁၃) ရုံ၏ ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးပြီးရုပ်ရှင်ရုံငှားရမ်းသူများနှင့် တွေ့ဆုံရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ အမြန်ဆုံးပြန်လည်ပြသနိုင်ရေး ဆွေးနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 25, 2021

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိသည့် ထိုင်းနိုင်ငံ Nakhon Pathom ခရိုင်၊ Nakhon Pathom မြို့နယ်၊ Phra Pathom ကျေးရွာအုပ်စုနှင့် Kanchanaburi ခရိုင်၊ Kanchanaburi မြို့နယ်၊ Ko Samrong ကျေးရွာအုပ်စု၊ အမှတ် (၅) ကျေးရွာများအတွင်း လက်နက်ခဲယမ်းများ ဖမ်းဆီးရမိကြောင်း ထိုင်းနိုင်ငံရဲတပ်ဖွဲ့ အကြီးအကဲများက ထုတ်ဖော် ပြောကြားကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 25, 2021

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စု နယ်မြေ (နေပြည်တော်) တပ်ကုန်းမြို့ နယ်ရှိ ဆင်သေဆည် ရေဝေရေလဲ ဧရိယာသို့ သွားရောက်စစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းအစီ အမံများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 25, 2021

၄-၁၁-၂၀၂၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်နှင့် တိုင်းဒေသကြီးတိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးတို့ ဦးဆောင်လျက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲမှ

ဆက်လက်ဖတ်ရှုရန်

Nov 25, 2021

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ပန်း ကျေး ရွာ၌ ကျော်မိုးနိုင်(ခ)မောင်နိုင်(ဘ)ဦးမြင့်ဦး အပါအဝင် ၁၈ ဦးသည် စက်တင်ဘာ ၂၈ ရက် ည ၁၀ နာရီခန့်တွင် ကျူးကျော်နေအိမ်နှင့် အိမ်ခြံမြေကိစ္စများတွင် အခကြေး ငွေရယူ၍ နေအိမ်များနှင့် ခြံစည်းရိုးများအား ဖျက်ဆီးခြင်း၊ နေအိမ်အတွင်းရှိ လူများ အား တုတ်၊ ဓားများ ကိုင်ဆောင်၍ အကြမ်းဖက်တိုက်ခိုက် ခြိမ်းခြောက်ခြင်းစသည့် ဉပဒေမဲ့လုပ်ရပ်များကို ကျူးလွန်ခဲ့သည့် အတွက်ကြောင့် အကြမ်းဖက်မှုတိုက်ဖျက် ရေးဉပဒေပုဒ်မ ၅၀(က)ဖြင့်လည်းကောင်း၊ ရဲထက်(ဘ) ဦးသိန်းဦး သည် ဧပြီ ၁၀ ရက်နေ့မှ ၁၇ ရက်အထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းတက်ရောက်ခဲ့သဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အကြမ်းဖက် မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့၊ အမိန့်ကြေညာစာအမှတ်၊(၂/၂၀၂၁)အရ အကြမ်းဖက်မှု တိုက်ဖျက်ရေးဉပဒေပုဒ်မ ၅၀(ည)ဖြင့် လည်းကောင်း၊ မောင်မောင်ကျော်တင့်(ခ) ဘိုဘိုကျော် (ဘ)ဦးလှတင့်သည်

ဆက်လက်ဖတ်ရှုရန်