Skip to main content

May 14, 2022

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ရှမ်းပြည်နယ် သယံဇာတရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရှမ်းပြည်နယ် တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ နမ့်ခုတ်ကြိုးပြင် ကာကွယ်တောရှိ (၃/၂၀၂၁) ရေဝေရေလဲစိုက်ခင်း (၂၅)ဧကနှင့် (၁/၂၀၂၂) စက်မှုကုန်ကြမ်း ထင်းရှူးစိုက်ခင်း (၂၅) ဧကသို့ ရောက်ရှိပြီး စိုက်ခင်းများ ရှင်သန်အောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2022

ကဆုန်လပြည့် (ဗုဒ္ဓနေ့)သည် ထေရဝါဒဗုဒ္ဓဘာသာဝင်များအတွက် မင်္ဂလာရှိသော နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ မန္တလေးမြို့ရှိ တန်ခိုးကြီးဘုရားများ ပုထိုးစေတီတော်များ၌ ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ပွဲများနှင့် ပရိဘောဂစေတီထိုက်သော ဗောဓိညောင်ပင်တို့အား ညောင်ရေသွန်းလောင်း ပူဇော်ပွဲများကျင်းပခြင်း၊ ကုသိုလ်ရှင်များက ဆရာတော် သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်းများ လောင်းလှူခြင်း၊ စတုဒိသာကျွေးမွေးလှူဒါန်းခြင်းစသည့် ကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ဦးဆောင်၍ ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ယနေ့ ညနေပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ တောင်းဆုရ “ဝ” စေတီတော်ရှိ မဟာဗောဓိညောင်ပင်ကို ညောင်ရေသွန်းလောင်းပူဇော်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2022

ဖွား၊ ပွင့်၊ ဟော၊ စံ ဗျာဒိတ်ခံသည့် ကဆုန်လပြည့်(ဗုဒ္ဓနေ့)သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သည့်အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ဘုရားစေတီများ၌ ဥပုသ်သီတင်းဆောက်တည်ကြသူများ၊ ကုသိုလ်ကောင်းမှု ပြုကြသူများ၊ ညောင်‌ရေသွန်းလောင်းကြသူများဖြင့် စည်ကားလျက်ရှိသည်ကို တွေ့မြင်ရသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2022

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း (၂၀) ဖြင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဂေါက်သီး၊ ပြေးခုန်ပစ်၊ ဘိလိယက်၊ စစ်တုရင်၊ Rowing၊ ဝူရှူး၊ ကာယဗလကာယအလှနှင့် ဖူဆယ်ပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2022

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓ ဥယျာဉ်တော်ဝတ္တုကံတော်အတွင်း တည်ထားပူဇော်မည့် ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျောက်စာတော်များ စတင်ရေးထိုးပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2022

ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော ၁၃၈၄ ခုနှစ် ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)တွင် သာသနာတော်နှစ် (၂၅၆၆)ခုနှစ် ပြည့်မြောက်သည့် အထိမ်းအမှတ်အဖြစ် မန္တလေးမြို့ လေးပြင်လေးရပ်မှသံဃာတော်(၁၀၂၆၄)ပါးအား ပင့်ဖိတ်၍ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများလောင်းလှူပွဲ အခမ်းအနားကို ယနေ့နံနက် ၆ နာရီတွင် မန္တလေးကျုံးအရှေ့ဘက်၊ အနောက်ဘက်၊ တောင်ဘက်နှင့် မြောက်ဘက်တို့ရှိ မင်္ဂလာမဏ္ဍပ်များ၌ တစ်ချိန်တည်း တစ်ပြိုင်တည်း ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2022

ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ ၁၂ လရာသီပွဲတော်တွင် တစ်ခုအပါအဝင်ဖြစ်သည့် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ဗုဒ္ဓနေ့ဖြစ်သော ယနေ့တွင်ကျရောက်သည့် ကဆုန်ညောင်ရေသွန်းပွဲတော်တွင် နေပြည်တော်၊ ဥပ္ပါတသန္ တိစေတီတော်မြတ်ကြီး ပရိဝုဏ်တော်မြောက်ဘက်အရပ်ရှိ မဟာဗောဓိညောင်ပင်တော်များအား (၁၄)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားအား ယနေ့ညနေပိုင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှူးပြုသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ဇနီးများက မဟာဗောဓိညောင်ပင်တော်များကို ညောင်ရေသွန်းလောင်း ပူဇော်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2022

ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့)သည် ဂေါတမဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ဘဝတွင် နိယတဗျာဒိတ်ခံယူသည့်နေ့၊ ဂေါတမဘုရားအလောင်းတော်ဖွားမြင်သည့်နေ့၊ ဂေါတမဘုရားအလောင်းတော်ဘုရားဖြစ်သည့်နေ့၊ ဂေါတမဘုရားရှင် ပရိနိဗ္ဗာန်စံဝင်သည့်နေ့ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များက နေ့ထူးနေ့မြတ်အဖြစ်သတ်မှတ်၍ နှစ်စဉ်ကဆုန်လပြည့်နေ့တွင် ဗောဓိညောင်ရေသွန်းလောင်းပူဇော်ခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်း၊ တရားဘာဝနာပွားများခြင်း၊ စတုဒီသာကျွေးမွေးခြင်း စသည့် ကုသိုလ်ကောင်းမှုများကို ပြုလုပ်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2022

(၁၅)ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများအစည်းအဝေး (15th ASEAN HEALTH MINISTERS MEETING) ကို ယနေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့ရှိ CONRAD HOTEL BARLI တွင်ကျင်းပရာ အဖွဲ့ဝင်နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများနှင့် ကျန်းမာရေးဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2022

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်ခိုင်ဝင်းသည် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် မေ ၁၁ ရက်မှ ၁၅ ရက်အထိ ကျင်းပသည့် (၁၅) ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်နေစဉ်အတွင်း ယနေ့နံနက် ဒေသစံတော်ချိန် ၁၁ နာရီခန့်တွင် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၊ ဝန်ကြီး H.E. Anutin Charnvirakul ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် CORAD HOTEL Bali၊ Lagoon Room(1) ၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2022

ဆေးပညာဘွဲ့င်စာရင်းထုတ်ပြန်ပြီးသူများအား နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားသည်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလနှင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလတို့တွင် ဆေးပညာဘွဲ့ရအောင် စာရင်းထုတ်ပြန်ပြီးသူ စုစုပေါင်း ၁၂၂၂ ဦးရှိရာ နိုင်ငံတော်တွင် ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ဆရာဝန်များ လိုအပ်လျက်ရှိခြင်းကြောင့် နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ကြရန် သက်ဆိုင်ရာဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်လိုက်ခြင်းလည်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၄/၂၀၂၂)ကို မေလ ၁၂ ရက်နေ့ကကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအလိုက် တိုတောင်းသည့်ကာလအတွင်း အဖြေတစ်ခုခုရရှိစေရန်အတွက် အဖွဲ့အစည်းများအလိုက် ဥက္ကဋ္ဌနှင့် ညှိနှိုင်းတိုင်ပင်နိုင်ရန် နှစ်ဦးတို့ကို မိမိနှင့်သီးခြားစီတွေ့ဆုံရန် စီမံဆောင်ရွက်ခဲ့ကြောင်း၊ လွတ်လပ်စွာဆွေးနွေးနိုင်ရန်အတွက် ထိုသို့ဖိတ်ခေါ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2022

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

May 14, 2022

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2022

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များအပါအဝင် လူမျိုးမရွေးဘာသာမရွေး အသက် ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် ၁၂ နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများစသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်