May 17, 2022
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး Online သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
May 17, 2022
ပဲခူးရိုးမအရှေ့ခြမ်းရှိ ဆည်ရေလှောင်တမံများနှင့် စစ်တောင်းမြစ်အကြားရှိ စိုက်ပျိုးမြေများအားလုံး စွမ်းအားပြည့် စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းရှိ အလားအလာရှိသော စိုက်ပျိုးမြေများ စိုက်ပျိုးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် မြစ်ရေတင်လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် သဖန်းပင်မြစ် ရေတင်လုပ်ငန်းကို ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။
May 17, 2022
အဂတိလိုက်စားမှုတိုက်ဖျက်ရေး တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင် (၂)နှင့် ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင် (၃) လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 17, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ဖိတ်ခေါ်မှုကို ပြည်သူများကကြိုဆို ထောက်ခံသည့်အနေဖြင့် ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်မှု လုပ်ငန်းများကို ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက် နှောင့်ယှက်မှုများအား ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေပုဗ္ဗသီရိမြို့နယ် ဥပ္ပါတသန္တိစေတီတော်တပေါင်းကွင်း၌ ကျင်းပသည်။
May 17, 2022
နှစ်စဉ်စိုက်ပျိုးသီးနှံများ လျာထားချက်ပြည့်မီရေး ရေအလေအလွင့် အနည်းပါးဆုံးနှင့် အထိရောက်ဆုံးအကျိုးရှိစွာ အသုံးချနိုင်ရေး စနစ်တကျဆောင်ရွက်ကြရန်လိုကြောင်း ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် မကျီးတိုင်ကျေးရွာအနီးရှိ ကြက်မောက်တောင် ရေလှောင်တမံသို့ ရောက်ရှိစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက မှာကြားသည်။
May 17, 2022
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး အခြေခံလေ့ကျင့်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး စုပေါင်း ခန်းမ၌ ကျင်းပသည်။
May 17, 2022
တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင်လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင် စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် ၁၂ နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်း အဆင့်ကျောင်းသားကျောင်းသူများ စသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
May 17, 2022
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်းအရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
May 17, 2022
တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များနှင့် ကောလိပ်များ ၂၀၂၂ ခုနှစ် မေ ၁၂ ရက်မှ စတင်၍ ပုံမှန်ပညာသင်နှစ်ဝက်ကာလအတိုင်း ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ ကောလိပ်များနှင့် ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများက အေးချမ်းပျော်ရွှင်စွာ ကျောင်းပြန်လည်တက်ရောက်လျက်ရှိကြသည်။
May 17, 2022
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစောထွန်းအောင်မြင့်နှင့် ဒုတိယဝန်ကြီးဦးဇော်အေးမောင်တို့သည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် ၁၁ နာရီတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ၌ သင်္ဘောကပ်ရန် တည်ဆောက်မည့် ဆိပ်ခံဗောတံတား သယ်ယူခြင်း၊ လွန်းတင်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တိုးပွားရေယာဉ်ဖြင့် ဗိုလ်တထောင်ဆိပ်ကမ်းတွင် ကမ်းကပ်ထားသည့် ဆိပ်ခံဗောကို သွားရောက်စစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လုပ်ငန်းများအချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်းနှင့်အညီဖြစ်စေရေး ဆောင်ရွက်သွားကြရန်နှင့် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးမှာကြားသည်။
May 17, 2022
မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ် အရာရှိလောင်းဒီပလိုမာသင်တန်းအမှတ်စဉ် (၁၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် ကမာရွတ်မြို့နယ် မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်စစ်ရေးပြကွင်း၌ ကျင်းပသည်။
May 17, 2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ရှိ သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ်၊ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ သမဝါယမကောလိပ်နှင့် အမရပူရမြို့နယ်ရှိ ဆောင်းဒါး ရက်ကန်းနှင့် အသက်မွေးပညာ သိပ္ပံတို့မှ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုကို အားပေးကြည့်ရှုပြီး ကျောင်းများမှ ဆရာ ဆရာမများနှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်သည်။
May 17, 2022
ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ဥပဒေအရာရှိများ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ဝန်ကြီးရုံး မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။
May 17, 2022
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေး သင်တန်းအမှတ်စဉ်(၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရတနာခန်းမ၌ ကျင်းပသည်။
May 17, 2022
နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ကြီးမှူး၍ ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများတွင် ပထမအကြိမ်အဖြစ် သွားရောက်တာဝန် ထမ်းဆောင်မည့် ဌာနခွဲစာရေးများ အင်္ဂလိပ်စာနှင့်နိုင်ငံခြားရေးရာ ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၄/၂၀၂၂) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် နိုင်ငံခြားရေးဝန်ကြီး ဌာနလောကနတ်ခန်းမ၌ ကျင်းပသည်။
May 17, 2022
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန နေပြည်တော် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ကွပ်ကဲမှုအောက်ရှိ လယ်ဝေး၊ ပုဗ္ဗသီရိ၊ ပျဉ်းမနားမြို့နယ်နှင့် တပ်ကုန်းမြို့နယ် ဘဏ်ခွဲလေးခုမှ တောင်သူဦးကြီးများအား ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့တွင် စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
May 17, 2022
အချိန်တန်အရွယ်ရောက် လူလားမြောက်သည့်အခါ အသက်အရွယ်အလိုက် လုပ်ကိုင်ရမည့် အလုပ်များကို မဖြစ်မနေ လုပ်ကိုင်ကြရမည်ဖြစ်သည်။ ပညာရှာချိန်အရွယ်တွင် ပညာရှာ၊ အလုပ်လုပ်ကိုင်ရမည့်အရွယ်တွင် အလုပ်လုပ်ကိုင်ကြရမည် ဖြစ်သည်။ သို့သော် အကြောင်းအမျိုးမျိုးတို့ကြောင့် သူ့အချိန်အခါနှင့် သူ့အသက်အရွယ်အရ လုပ်သင့်လုပ်ထိုက်သော အလုပ်များကို မလုပ်ကိုင်နိုင်ကြသောသူများအား တွေ့ရမည်ဖြစ်သည်။
May 17, 2022
နိုင်ငံတစ်ဝန်းလုံး ငြိမ်းချမ်းရေးသည် တိုင်းရင်းသားပြည်သူ အားလုံးတို့၏ လိုအင်ဆန္ဒဖြစ်သည်။ လွတ်လပ်ရေး၏အရသာ၊ ဒီမိုကရေစီ၏ အနှစ်သာရတို့ကို ဆယ်စုနှစ်ပေါင်း များစွာ အပြည့်အဝ မခံစားရသေးသည့် တိုင်းရင်းသားပြည်သူတို့၏ ငြိမ်းချမ်းရေး လိုအင်ဆန္ဒကို တပ်မတော်က ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ လာမည့်နှစ်တွင် ၇၅ နှစ်ပြည့်တော့မည့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးမှာ လက်နက်ကိုင် ပဋိပက္ခများကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသားပြည်သူလူထု၏ လူမှုစီးပွားဘဝများ ပြည့်စုံဖူလုံရေးနှင့် သာယာဝပြောရေးတို့ကို အပြည့်အဝ ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများ၏နောက်သို့ တစ်စတစ်စနှင့် ရောက်ရှိသွားခဲ့သည်။
May 16, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဦးတည်ချက် ၉ ရပ် ချမှတ်ဆောင်ရွက်လျက်ရှိရာ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး ဆိုသည့် လူမှုရေး ဦးတည်ချက်တစ်ရပ်ကိုလည်း ထည့်သွင်းချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် မျိုးဆက်သစ် လူငယ်များ၏ ပညာရည် မြင့်မားရေးအတွက် ပညာသင်အခွင့်အလမ်း ပုံမှန်ပြန်လည်ရရှိစေရေးကို အထူးအလေးထား ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
May 16, 2022
အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH၊ NUG၊ PDF အမည်ခံအကြမ်းဖက်သမားများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် အချို့ဒေသများတွင် လက်နက်ကိုင်အကြမ်းဖက်မှုများ၊ လမ်း၊ တံတား ဖောက်ခွဲဖျက်ဆီးမှုများအပြင် အများပြည်သူနေထိုင်လျက်ရှိသည့် နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည်။
