Skip to main content

May 19, 2022

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၁၇ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လှိုင်ဝဂိတ်အနီး၌ တင်သွင်းခွင့် အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ဆင်တံဆိပ် ဘိလပ်မြေ (၁,၆၇၀)အိတ်(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၇၀၀,၀၀၀)နှင့် အဆိုပါ ဘိလပ်မြေများ တင်ဆောင်လာသည့် (၆)ဘီး မော်တော်ယာဉ်လေးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၁,၀၀၀,၀၀၀)ကိုလည်းကောင်း၊ မေ ၁၈ ရက်တွင် သံလွင်တံတား စစ်ဆေးရေးဂိတ်၌ မြဝတီမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်တွင် တရားဝင် စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် မိုဘိုင်းလ်ဖုန်း (အဟောင်း)များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၇၀,၀၀၀)ကိုလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ်၁၂၉,၂၇၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2022

ရန်ကုန်မြို့၊ လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်းတွင် Online ဖြင့် ဖွင့်လှစ်ခဲ့သည့် UN Conventions, Laws & Policies Awareness သင်တန်း၊ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်ဖြင့်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာဌာနခွဲမှညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ ဘာသာရပ်ဆိုင်ရာနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2022

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းရှိ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန လျှပ်စစ်ဓာတ်ခွဲခန်းသို့ ရောက်ရှိပြီး Transformer များ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ အိမ်သုံးဝါယာကြိုးများ စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်တပ်ဆင်ခြင်း ရှိ/မရှိနှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးနေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2022

အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်း အကောင်အထည်ဖော်မှုဆိုင်ရာကိစ္စများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် ရုံးအမှတ် (၃၅) သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2022

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးက ကြီးမှူးကျင်းပသည့် အခြေခံပညာအထက်တန်းဆင့် (Grade-11)သင်ရိုးသစ် တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို မေ ၁၆ ရက်တွင် စမ်းချောင်းမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း စံပယ်ခန်းမ၌ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2022

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ဆေးအလုံး ၁၀ သန်း doses နှင့် ဆေးထိုးအပ် ၁၃ ဒသမ ၀၅၆ သန်းကို လှူဒါန်းမည်ဖြစ်ရာ ယနေ့ နံနက်ပိုင်းတွင် ပထမအသုတ်အနေဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ Sichun Airline ဖြင့် Sinopharm ဆေးအလုံး ငါးသန်း doses နှင့် ဆေးထိုးအပ်နှစ်သန်း ရောက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2022

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စုပေါင်း အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး တက်ရောက် အမှာစကားပြောကြားသည်။ အစည်းအဝေးသို့ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဗဟိုသမဝါယမအသင်းမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများနှင့် သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2022

အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အမျိုးသားပြတိုက်(နေပြည်တော်) Mini Theatre ၌ ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2022

အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)နှင့် နိုင်ငံသားကတ်ထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ် (နိုင်-၄)ရှိ စာရင်းမှတ်တမ်း အချက်အလက်များကို နည်းပညာ၊ စက်ကိရိယာများအသုံးပြု၍ ကွန်ပျူတာအတွင်း ထည့်သွင်းဆောင်ရွက်ခြင်းကို မိမိတို့ဌာနနှင့် ဆက်စပ်ဌာနများ၊ လုပ်အားပေးလူငယ်များ အင်အားဖြင့် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းလုပ်ငန်းစဉ်အား သက်ဆိုင်ရာဒေသအာဏာပိုင်များ၏ အနီးကပ်ကြီးကြပ်မှုဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မေ ၁၆ ရက် နံနက်ပိုင်းက ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2022

နိုင်ငံတော်၏ အဓိကသီးနှံများ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး၊ ပို့ကုန်တိုးမြှင့်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိကများအပိုင်းက သက်ဆိုင်ရာကဏ္ဍများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့်လိုအပ်ချက်များ ညှိနှိုင်းဆောင်ရွက်ရန် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) အောက်ရှိ ညီနောင်အသင်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲများကို မေ ၁၇ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် နတ်မောက်လမ်းရှိ ယုဇနဧည့်ဂေဟာ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2022

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၏ အရှေ့မြောက်ဘက် မိုင် ၂၀ ခန့်အကွာ ပေါင်းလောင်းမြစ်ပေါ်တွင် အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည့် အလယ်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းနှင့် နန်ချိုရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2022

မကြာမီကာလတွင် နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများအားလုံး ဖွင့်လှစ်တော့မည်ဖြစ်သည်။ ယခုစာသင်နှစ်တွင် ကျောင်းသားကျောင်းသူလေးများ စုံစုံညီညီဖြင့် ပညာနို့ချိုသောက်သုံးကြတော့မည်ဖြစ်သည်။ ပျော်ရွှင်စွာတက်ရောက် ခဲ့ကြသည့် ကျောင်းတော်ကြီးတွင် မိမိတို့၏ ဆရာ ဆရာမများနှင့် ပြန်လည်ဆုံစည်းပြီး ပညာသင်ကြားကြရတော့မည်ဟု မျှော်မှန်းထားသည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2022

၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာသင်ကျောင်းများ လာမည့် ဇွန်လ ၂ ရက်နေ့တွင် စတင်ဖွင့်လှစ်တော့မည် ဖြစ်သည်။ နိုင်ငံ၏အနာဂတ်အတွက် မျိုးဆက်သစ်လူငယ်များကို တန်ဖိုးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာအောင် ပြုစုပျိုးထောင်ရာတွင် အခြေခံပညာရေးမှာ လွန်စွာအရေးကြီးသည်။ မြင့်မားသည့် အဆောက်အအုံများ တည်ဆောက်ရာတွင် အခြေခံအုတ်မြစ်ကို အထူးကောင်းမွန်စွာ တည်ဆောက်ကြရ သကဲ့သို့ပင် အခြေခံပညာကို အရည်အသွေးပြည့်ပြည့်ဝဝနှင့် ကျေညက်စွာ သင်ယူနိုင်ခွင့်ရရှိရန် လိုအပ်သည်။

ဆက်လက်ဖတ်ရှုရန်

May 18, 2022

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း၌ ၂၀၂၂ ခုနှစ်၊ မေလ ၁၇ ရက်မှ ၁၈ ရက်အထိ ကျင်းပသည့် အာဆီယံစီးပွားရေးဝန်ကြီးများ အထူးအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 18, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPHI NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့ အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

May 18, 2022

​​​​​​​နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဦးတည်ချက် ၉ ရပ် ချမှတ်ဆောင်ရွက်လျက်ရှိရာ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဆိုသည့် လူမှုရေးဦးတည်ချက် တစ်ရပ်ကိုလည်း ထည့်သွင်းချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် မျိုးဆက်သစ်လူငယ်များ၏ ပညာရည်မြင့်မားရေး အတွက် ပညာသင်အခွင့်အလမ်း ပုံမှန်ပြန်လည်ရရှိစေရေးကို အထူးအလေးထား ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

May 18, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်း ချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ် တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

May 18, 2022

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့နံနက်ပိုင်းက ညောင်ဦးမြို့နယ် ငါ့သရောက်လျှပ်စစ် မြစ်ရေတင်သို့ရောက်ရှိပြီး ပင်မရေတင်စခန်းနှင့် ရေပေးဝေနေမှုကို လည်းကောင်း၊ ဆိုလာစနစ် အသုံးပြု၍ ထပ်ဆင့်ရေတင်နေမှုကို လည်းကောင်း၊ ရေတင်စနစ်ဖြင့် စိုက်ပျိုးထားသည့် မိုးကြိုပဲတီစိမ်း မျိုးသန့်မျိုးပွားစိုက်ခင်းကို လည်းကောင်း၊ လက်ပံခြေပေါ် ဆိုလာစနစ်သုံး ထပ်ဆင့်မြစ်ရေတင်လုပ်ငန်း အခြေအနေများကို လည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 18, 2022

ဆီးဂိမ်း ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲကို မေ ၁၇ ရက် နံနက်ပိုင်းက ဗီယက်နမ်နိုင်ငံ၌ ကျင်းပရာ မြန်မာဘိလိယက်ကစားသမား ပေါက်စ ဗိုလ်စွဲခဲ့သည်။

ဆက်လက်ဖတ်ရှုရန်