Skip to main content

Dec 03, 2021

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်သင်တန်းဆင်း ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယ ဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 03, 2021

CRPH နှင့် NUG အမည်ခံအကြမ်းဖက်အဖွဲ့များသည် အလုံးစုံ ပျက်သုဉ်းရေး ဦးတည်ချက် များဖြင့် PDF အမည်ခံအကြမ်းဖက် အဖွဲ့ကို ဖွဲ့စည်း၍ အချို့သောဒေသများတွင် အေးချမ်းစွာ နေထိုင်ကြသော ပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲ သတ်ဖြတ်ခြင်း၊ နိုင်ငံပိုင် အဆောက်အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များ၊ ဌာနဆိုင်ရာရုံးများ၊ နိုင်ငံတော်ပိုင်ပစ္စည်းများ၊ ပုဂ္ဂလိက ပိုင်ပစ္စည်းများ၊ စက်ရုံ၊ အလုပ်ရုံများနှင့် တယ်လီဖုန်း တာဝါတိုင်များအား မီးရှို့ ဖျက်ဆီးခြင်းနှင့် ပစ္စည်းများအား လုယက်ခြင်းစသည့် အဖျက်အမှောင့် လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 03, 2021

၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၂၂ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက် အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 03, 2021

CRPH နှင့် NUG အမည်ခံအကြမ်းဖက်အဖွဲ့များသည် အလုံးစုံ ပျက်သုဉ်းရေး ဦးတည်ချက် များဖြင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အချို့သောဒေသများတွင် အေးချမ်းစွာ နေထိုင်ကြသော ပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင် အဆောက်အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များ၊ ဌာနဆိုင်ရာရုံးများ၊ နိုင်ငံတော်ပိုင်ပစ္စည်းများ၊ ပုဂ္ဂလိက ပိုင်ပစ္စည်းများနှင့် စက်ရုံ၊ အလုပ်ရုံများအား မီးရှို့ဖျက်ဆီး ခြင်းနှင့် ပစ္စည်းများအား လုယက်ခြင်းစသည့် အဖျက်အမှောင့်လုပ်ရပ်များကို ကျူးလွန်လျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 03, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ် ရေဦး-တန့်ဆည်ကားလမ်းပေါ်ရှိ ကွန်ကရစ် တံတား နှင့် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ထုံးဘို-ပြင်ဦးလွင်လားပေါ်ရှိ မင်္ဂလာတံတားတို့အား အကြမ်းဖက်သမားတို့က ဖျက်ဆီးရန်အတွက် မိုင်းထောင် နေစဉ် ပေါက်ကွဲမှုဖြစ်ပွားကာ အကြမ်းဖက်သမားများ သေဆုံးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 03, 2021

အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုနှင့် တရားဥပဒေစိုးမိုးရေး အတွက် ဝိုင်းဝန်းဆောင်ရွက် နေသော အုပ်ချုပ်ရေးတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေး လုပ်ရပ်များ အတွက် ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာနေသော လမ်းမကြီး များ၊ လမ်းမျာနှင့် ဌာနဆိုင်ရာရုံးများအား လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲဖျက်ဆီးခြင်း၊ ပစ်ပေါက်ခြင်းများ ပြုလုပ် ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 03, 2021

အကြမ်းဖက်သမားများသည် တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေကြ သော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် လည်းကောင်း၊ အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုများအား “သူလျို၊ ဒလန်” ဟုစွပ်စွဲ၍ လည်းကောင်း၊ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း များအားအဓိပ္ပာယ်မဲ့ ပြုမူလုပ်ဆောင်လျက်ရှိသည်ကို တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 03, 2021

ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်(တာဝန်ခံ) ညွှန်ကြားရေးမှူးများ၏ ၂၀၂၁ ခုနှစ်၊ ဇွန်လမှ နိုဝင်ဘာလ အထိ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ (၂/၂၀၂၁)ကို ဒီဇင်ဘာ ၁ ရက်နှင့် ၂ ရက်တို့တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး(နေပြည်တော်)၊ စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေး စည်းမျဉ်းများနှင့်အညီ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 03, 2021

၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အောင်မြေသာစံမြို့နယ်၊ ပရိယတ္တိသာသနာ တက္ကသိုလ်(မန္တလေး)ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် ဇနီး ဒေါ်ထားထားဦး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 03, 2021

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့ နံနက်ပိုင်းက (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း (Gold Camp) တွင် စခန်းသွင်း လေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ အားကစားနည်းအလိုက် ခန္ဓာကိုယ်ကြံ့ခိုင်မှု စစ်ဆေးခြင်းနှင့် အားကစားနည်းများအလိုက် လေ့ကျင့်နေမှုများကို လိုက်လံ ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 03, 2021

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ကမ္ဘာပေါ် ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံး ဖြစ်လာမည့် “မာရဝိဇယ” ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေး လုပ်ငန်းဆိုင်ရာများကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏ ဩဝါဒများ၊ သာသနာတော် ထုံး၊ ရုပ်ပွားဆင်းတုတော်ထုံး၊ မြန်မာ့ရိုးရာတည်ထုံးများနှင့်အညီ ထုဆစ်ပူဇော် လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 03, 2021

မိုးသက်မုန်တိုင်းများစဲသောအခါ လေပြည်လေညင်းလေးများကို ထိတွေ့ ခံစားရသလို တိမ်သလ္လာဖုံးအုပ်နေသည့် မှောင်မိုက်သော အမှောင်ထုအောက်မှ တိမ်သလ္လာကင်းစင်သည့် လမင်းကြီး၏ အေးမြသည့်အာဝါသကို ခံစားရသလို နိုင်ငံတော်အတွင်း၌ ခက်ခဲကြမ်းတမ်းသော ခရီးလမ်းများကို ဖြတ်သန်းကျော်ဖြတ်ခဲ့ပြီးနောက် ဖြောင့်ဖြူးသာယာသောလမ်းပေါ်တွင် လျှောက်လှမ်း နေကြပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 03, 2021

အဂတိလိုက်စားမှုသည် ကမ္ဘာလုံးဆိုင်ရာ အရေးကြီးသည့် ပြဿနာဖြစ်သည်။ အဂတိလိုက်စားမှု မှတစ်ဆင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ကဏ္ဍအသီးသီးတို့ကိုပါ ပျက်စီးယိုယွင်း စေသည်။ အဂတိလိုက်စားခြင်း၏ အနက်အဓိပ္ပာယ်ကို ဖွင့်ဆိုရာတွင် ကွဲလွဲမှုများရှိသော်လည်း အဓိကအားဖြင့် ပုဂ္ဂလိက အကျိုးစီးပွားရယူရန်အတွက် လုပ်ပိုင်ခွင့်ကိုလည်းကောင်း၊ အများ ပြည်သူဆိုင်ရာ ပစ္စည်းများကိုလည်းကောင်း အလွဲသုံးစားပြုလုပ်ခြင်းဟူသော အဓိပ္ပာယ် ဖွင့်ဆိုချက်က အရေးပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 02, 2021

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထု အနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 02, 2021

တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲနှင့် ဝန်ဆောင်မှုရေးရာ ကော်မတီအစည်းအဝေး (၁၆ /၂၀၂၁) ကို ယနေ့မွန်းလွဲ ၂ နာရီ တွင် နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 02, 2021

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် အမေရိကန်အခြေစိုက် နိုင်ငံတကာဂျာနယ် (Journal of Business and Economics) သို့ ပေးပို့သည့် မဟာဘွဲ့သုတေသနစာတမ်း အကျဉ်းချုပ်ဆောင်းပါး ပြန်လည်ဖတ်ကြားရှင်း လင်းတင်ပြပွဲ အစီအစဉ် သို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 02, 2021

စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များနှင့် အမျိုးသားညွှန်ကိန်း မူဘောင်တို့နှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကို ယနေ့နံနက် ၉ နာရီခွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၃၂) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 02, 2021

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားထိခိုက်စေရန် ရည်ရွယ်၍ အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် မိုင်းထောင်ဖောက်ခွဲခြင်း၊ နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်အတွက် နိုင်ငံ့ဝန်ထမ်းများအား လုပ်ကြံသတ်ဖြတ်ခြင်းများအား PDF အကြမ်းဖက်အဖွဲ့များမှ ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်တွင် KIA သောင်းကျန်းသူ တပ်မဟာ(၈)တွင် PDF အကြမ်းဖက်သင်တန်း တက်ရောက်ခဲ့သော သူရအောင် (၂၈)နှစ်အား အမရပူရမြို့နယ်၊ ကျောက်စိမ်း ဘုရားအနီးတွင် လည်းကောင်း၊ အောင်ဖြိုး(၂၆)နှစ်အား ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု ကျည် ၁၆ တောင့်နှင့်အတူ ချမ်းမြသာစည်မြို့နယ်၊ ၄၉ လမ်းနှင့် ၁၀၉ လမ်းထောင့်တွင် လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ ထွက်ဆိုချက်အရ ဇင်ဝိုင်း(ခ) မျိုးချစ်(၂၈)နှစ် အား လက်လုပ်သေနတ် ၁ လက်၊ ကျည် ၃ တောင့်၊ လက်လုပ်မိုင်း ၂ လုံး တို့နှင့်အတူ အမရပူရမြို့နယ်၊ ဆေးအိုးဘိုအဝိုင်းအနီးတွင် လည်းကောင်း၊ ရှိုင်းအောင်(၂၁)နှစ်အား ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်အဝိုင်း အနီးတွင် လည်းကောင်း၊ ထက်လင်းခိုင်(ခ)ဒီပ (၂၃)နှစ်အား ချမ်းမြသာစည်မြို့နယ်၊ ၅၁ လမ်း x ၅၂ လမ်း၊ ၁၁၀(B)လမ်းတွင် လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 02, 2021

ရှမ်းပြည်နယ်(တောင်ပိုင်း)လဲချား မြို့နယ်တွင် ငွေကျပ်သိန်း ၂၄၀၀ ကျော်တန်ဖိုးရှိ ဓာတုပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်