Skip to main content

May 20, 2022

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများသည် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ မြို့နယ်အချို့၌ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်ဖောက်ခွဲခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ် ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထားရာ သာသနာပိုင် အဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများကိုပါ အကြမ်းဖက်ပစ်ခတ်တိုက် ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်းများကို စိတ်နှလုံးညှိုးနွမ်းဖွယ် ရက်စက်စွာ ပြုလုပ်နေကြ သည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2022

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုသည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့ ကြီးမှူးကျင်းပသည့် အနဂ္ဃရတနာမြေ -မြောက်ဦး တတိယအကြိမ် ဓာတ်ပုံပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ဖွင့်လှစ်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2022

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ ရန်ကုန်ပညာရေးတက္ကသိုလ် ပညာ ရေးဘွဲ့(ပထမနှစ်)သင်တန်းကို မေ ၁၂ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသို့ တက်ရောက် လာကြသည့် သစ်လွင်ကျောင်းသား၊ ကျောင်းသူများ ကြိုဆိုပွဲအခမ်းအနားကို မေ(၁၉)ရက် မွန်းလွဲ(၁)နာရီတွင် ရန်ကုန်ပညာရေး တက္ကသိုလ်၊ Learning Hub ခန်းမ၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2022

အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2022

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဉီးစီးဌာန အောင်ဆန်းပုံနှိပ်စက်ရုံ၊ ဂျီတီစီပုံနှိပ်စက်ရုံ၊ စာပေဗိမာန်ပုံနှိပ်စက်ရုံတို့ကို ကြည့်ရှုစစ်ဆေးပြီး ညနေပိုင်းတွင် ရန်ကုန်မြို့ (၅၂)လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ကြေးမုံ သတင်းစာတိုက်ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2022

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် တိုင်းဒေကြီးအတွင်းရှိ သမဝါယမတက္ကသိုလ်၊ ကောလိပ်များတွင် ပညာ သင်ကြားနေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2022

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနရှိ အစိုးရနည်းပညာကောလိပ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံများကို မေ ၁၂ ရက်မှ စတင်၍ ပုံမှန် ပြန်လည်ဖွင့်လှစ် သင်ကြားလျက်ရှိရာ AGTI ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2022

တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲနှင့် ဝန်ဆောင်မှုရေးရာကော်မတီ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၂) ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ကာကွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2022

နေပြည်တော် ကောင်စီနယ်မြေအတွင်း သီးနှံစိုက်ပျိုးထုတ်လုပ်မှုကိန်းဂဏန်း အချက်အလက်များ မှန်ကန်စေရေး၊ လယ်ယာမြေအသုံးချမှု မှန်ကန်ရေး၊ မျိုးကောင်းမျိုးသန့်များ သုံးစွဲနိုင်ရေး၊ စိုက်ပျိုးရေနှင့် သွင်းအားစုများ အလေအလွင့်မရှိ အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေးတို့အတွက် သက်ဆိုင်သူအားလုံးတို့က ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ မေလ (၁၉) ရက် နံနက်ပိုင်းက နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် မယ်ဇလီကုန်းကျေးရွာအုပ်စု ကွင်းအမှတ် (၁၆၆၃) တွင်ကျင်းပသည့် နွေစပါးစံကွက်ရိတ်သိမ်းပွဲ အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2022

၂၀၂၂ ခုနှစ်၊ (၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တာဝန်ထမ်းဆောင် ခဲ့သည့် ဝန်ထမ်းများအတွက် ဂုဏ်ပြုနေ့လယ်စာ စားပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပရာ မြန်မာ့ကျောက်မျက် ရတနာပြပွဲ ဗဟိုကော်မတီ နာယက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2022

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ငွေ၊ ကျောင်းဝတ်စုံ၊ ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ၌ နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ စုပေါင်းခန်းမတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2022

၂၀၂၂ ခုနှစ်၊ မေ (၁၂) ရက်မှ (၂၃) ရက်အထိ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့နှင့် အခြားဆက်စပ်မြို့များတွင် ကျင်းပပြုလုပ်နေသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားသမားအဖွဲ့ တတိယအသုတ်သည် ယနေ့နံနက် (၁၀) နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မြန်မာ့လေကြောင်းစင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ခေါ်မှုကို တိုင်းရင်းသားပြည်သူများက ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောင့်ယှက်မှုများအား ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်ရှိ မဟာဗန္ဓုလပန်းခြံရှေ့တွင် ပြုလုပ်ခဲ့ရာအဆိုပါထောက်ခံပွဲသို့ တက်ရောက်လာကြသည့် ငြိမ်းချမ်းရေးကိုလိုလားသူများ၏ စကားသံများကို ဖော်ပြလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2022

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ဒဂုံတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက် ၉ နာရီခွဲက ရန်ကုန်မြို့ ဒဂုံမြို့သစ်မြို့နယ် ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2022

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၈ ရက် ညနေ ၆နာရီခွဲတွင် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ယူမာကျေးရွာအနီးတွင် မမာဆိုင်း (ခ) အားမိန် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၂၈၀၀ ကိုလည်းကောင်း၊ ထိုနေ့မွန်းလွဲ ၂ နာရီခွဲတွင် တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု စန်းလုကျေးရွာအနီး တာချီလိတ်-မိုင်းဆတ်သွားကားလမ်းရှိ အားချီနေထိုင်သည့် တောင်ယာတဲသို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၄၀၀၀ ကိုလည်းကောင်း။

ဆက်လက်ဖတ်ရှုရန်

May 20, 2022

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည်တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ အပင်ဇီဝနည်းပညာ ဗဟိုဌာနသို့ရောက်ရှိပြီး ဇီဝနည်းပညာ လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်